"32"

9.5K 638 12
                                    

ခပ်​သုန်​သုန်​ တိုက်​ခတ်​လာ​သော ​လေရူး
အ​ဝေ့မှာ သစ်​ရွက်​​ခြောက်​တို့သည်​  ရိုးတံမှ
ကြွေကျ​ကုန်​ကြ၏ ။ရွက်​​ခြောက်​​ကြွေ သံ တို့
က အစီစဉ်​မကျ ..
နာရီ သံ တချက်​ချက်​ မြည်​သလိုမဟုတ်​ဘဲ
ခန​နေ ဖျတ်​ခနဲ ကြားလိုက်
အတန်​ကြာ ​ပျောက်​သွား လိုက်​ နဲ့
ပတ်​ဝန်းကျင်​ကို သူ့ရဲ့ အနိစ္စတရား အား
ခေါ်ယူ ပြသ​နေသ​ယောင်​ ....

ရွက်​​ခြောက်​ပင်​ရဲ့ မနီးမ​ဝေးရှိ ပြတင်း​ပေါက်
နားတွင်​​တော့ ကိုယ်​လုံးကိုယ်​ထည်​​သေးပုံ
ရ​သော ဖြူ ​ဖျော့​ဖျော့ မျက်​နှာ ပိုင်​ရှင်
ကောင်​​လေး တစ်​​ယောက်​ သည်
ရွက်​​ခြောက်​တို့၏ သင်္ခါ ရတရားကို ကြည့်​ ရှု
နေပုံ ရ၏ ။ သို့​ပေမဲ့ ထို​ကောင်​​လေး ၏
မျက်​ နှာရိပ်​ ထဲတွင်​ ထို သ​ဘော တရားများ
ကို မြင်​ပုံ မရ ပါ ။

ရွက်​​ခြောက်​တစ်​ရွက်​​ကြွေတိုင်း သူ့ အသည်းများ
ဖဲ့​ခြွေသလို တဖျတ်​ဖျတ်​တုန်​ခါ​နေ၏ ။.
မျက်​နှာ ထက်​တွင်​ ​တွေ​ဝေ လွမ်း​မော ခြင်း တစ်​ခု
ပန်​ဆင်​ လျက်​ အပြင်​ဘက်​ကို ​ငေး​ငေး ငိုင်​ ငိုင်
ကြည့်​ ​နေ၏ ။

"  လှဲ​နေတာ မဟုတ်​ဘူး
အား.ရှိ​သေးတာ မဟုတ်​ ဘဲနဲ့ "

တံခါးဖွင့်​ ပြီး ဝင်​လာ​သော ဇွဲ က ဆူ သလိုလို နဲ့
ညည်း ညူ.​နေ၏ ။.
ခေါင်းမာလှ​သော ​နွေဦး ကို သူမနိုင်​​တော့ ။
အားမရှိလို့လှဲ ​နေ ပါဆိုရင်​ ငုတ်​တုတ်ထထိုင်​ရင်​ထိုင်
မထိုင်​ရင်​ ​ဆေးရုံဝင်းထဲ လမ်း​လျှောက်​​နေ၏။
အားရှိ​အောင်​ စွပ်​ပြုတ်​တို့ နွားနို့တို့​သောက်​ပါဆိုရင်
မတည့်​တဲ့ အချဉ်​ ​တွေ အစပ်​​တွေ စားချင်​ ​နေ၏။.

အရင်​က ဇွဲ ကို ​ရှိန်​ပြီးကြောက်​ တတ်​​သော
နွေဦး က သုံးရက်​​လောက်​ သတိ​မေ့ပြီးမှ
ကြောက်​ဖို့​နေ​နေသာသာ ဂျီ ကျ​နေတတ်​လာသည်​ ။
လူကြီး ဆန်​​သော ပုံရိပ်​​တွေ ​ပျောက်​ လာကာ
က​လေး​တွေလိုမျိုး တဇွတ်​ထိုး ဆန်​လာ ၏ ။
တစ်​ခါတစ်​ခါ သူစားချင်​တာ
သူလုပ်​ချင်​တာ မလုပ်​ရရင်​ နှုတ်​ခမ်း က
မသိမသာ.ဆူ ​ထော်​ ​နေတတ်​​သေး၏ ။

အမုန်းအဆုံးသတ်​Where stories live. Discover now