"50"

11.5K 674 34
                                    

အိပ်​ ​ပျော်​ ​နေ​သော ချစ်​သူရဲ့ မျက်​ဝန်း​လေးကို
စေ့ပိတ်​ထားတဲ့ မျက်​ခွံမို့မို့​လေး ထက်​ ဖွဖွ နမ်းရှိုက်​​တော့
ကြည်​နူးမှုအဟုန်​ တိုးကာ ဝင်​​လို့ ဒီ​မောင်​ ရင်​မှာ
ဖိုရတယ်​ ။

နှစ်​​ပေါင်းများစွာ ကြုံဖူးချင်​​သော နံနက်​ခင်း​လေး
ကို ​ မျက်​​မှောက်​ ကြုံ​တွေ့ ရ​သောအခါ
တဖွဲဖွဲ ကျ​နေ​သော နှင်းများသည်​ လှပ​နေ၏။
နှင်း​ရည်​​သောက်​ကာ ပွင့်​ဖူး​နေ​သော ပန်က​​လေးများ
ကလည်း အ​ရောင်​အ​သွေးစုံစွာ မျက်​စိပဒသာ ဖြစ်​​စေ၏။
အသိုက်​ထဲ၌နှင်းရည်​ဖြန်းတာ​ကြောင့်
တိုး​ဝှေ့အိပ်​​နေ​သော ငှက်​က​လေးများ
ကလည်း လွန်​စွာ ချစ်​ဖို့ ​ကောင်း​နေပြန်​သည်​ ။

ဘေးပတ်​လည်​မှာ ခရမ်း​ရောင်​ ​နောက်​ခံများ
တရိပ်​ရိပ်​ ​ပြောင်းသွားသကဲ့သို့  အချစ်​ရနံ့များနဲ့
ထုံမွှန်း​နေ​လေသည်​။

နဖူးပြင်​ထက်​ နှုတ်​ခမ်းလွှာ​လေး တင်​မိကာ
ပြုံး မိပြန်​သည်​။ ညက ပင်​ပန်းသွားခဲ့ ရှာမည်​ ။
သူသည်​ ကိုယ့်​အ​ပေါ် အဆုံးစွန်​ထိ ​ပေးဆပ်​ခဲ့​လေသည်​။
အသစ်​တစ်​ဖန်​ ပြန်​လည်​ ရှင်​သန်​ ဖူးပွင့်​ဖို့
သူ့ရဲ့ ​ပေးဆပ်​ခြင်းက ခိုင်​လုံသောအလီဘိုင်​ ဖြစ်​ခဲ့သည်။
ထိုတရားခုံရုံးတွင်​ တရားခံကို ရှုံးခဲ့​သော ကျွန်​​တော်
တရားလိုသာ ဖြစ်​ခဲ့​ပေမဲ့ ​ကျေနပ်​စွာပင်​ အယူခံဝင်
ခွင့်​ကို လက်​ခံခဲ့ ပြီး ကွင်းလုံးကျွတ်​လွတ်​​စေခဲ့ သည်​။

အရှေ့ကိုသာပြုံးပြီးစိုက်ကြည့်နေတဲ့နွေဦးသည်
အနောက်မှ လာ​နေ သောလက်ကို သတိမထားမိ
လိုက်။ဂုတ်ကိုဖိချခံထိခြင်းနှင့်အတူ တစ်ပတ်လည်ကာ
ကျောပြင်က အိစက်သောအိပ်ရာနှင့်ထိတွေ့သွားမှ
ကိုယ်ဘာဖြစ်နေလဲဆိုသည်ကို သတိထားမိတော့သည်။

အပေါ်ကအုပ်မိုးကာပြုံးပြီးကြည့်နေတဲ့သူက
ကိုယ်တစ်ချိန်ကချစ်ခဲ့ရသော မုန်းခဲ့ရသော
တစ်ကျေြာ့ပန်လည် ချစ်ရတော့မည့် လူသား။

အကျွန်ရဲ့ ချစ်ခြင်း မုန်းခြင်းသည် ထိုသူနဲ့သာသက်ဆိုင်
ခဲ့ရသည်အထိ ထိုလူသားတစ်ယောက်တည်းအပေါ်
ကိုသာ တိမ်းညွတ်နေသည်မှာ သံသရာ အဆက်ဆက်ထိ
ဖြစ်မည်ထင်သည်။

အမုန်းအဆုံးသတ်​Where stories live. Discover now