Extra .part.3(U&Z)

11.6K 569 61
                                    

ညီ့ကိုသွားကြို၇န် အိမ်ကနေ ကားဂိတ်ကိုထွက်ခဲ့သည့်တိုင် ကျွန်တော့ရဲ့မင်းသားလေးကဖုန်းလေးတစ်ကောလ်ပင်မဆက်ပါ။ကိုယ့်မှာသာသူ့ကိုတွေ့ ရဖို့အရေးမော်လမြိုင်နဲ့၇န်ကုန်ကိုအိမ်ဦးနဲ့ ကြမ်းပြင်လို သွားလာနေရသည်။ အလုပ်ကပြောင်းရွှေ့စာတင်ထားသော်လည်းချက်ချင်းမကျနိုင်သေးသည့်အဖို့ ဒီလိုသာအပင်ပန်းခံနေရလေသည်။ အခုလည်း မော်လမြိုင်ကနေရောက်ရောက်ချင်း တွေ့ ချင်လွန်း၍ ခနလေးတောင်မနားနိုင်ဘဲ ဘက်စ်ကားနဲ့အပြေးလေးလာရတာတောင် မောရတယ်လို့မတွေးချင်ပါ။သို့သော်စိတ်တော့အနည်းငယ်ခုချင်သည်.။ ဒီနေ့ တက်လာမဲ့အကြောင်းကို မနေ့ညကတည်းကလှမ်းအကြောင်းကြားထားပေမဲ့ ဒီနေ့ညနေရောက်သည်အထိ အရေးတယူ စာလေးတစ်စောင်တောင်မပို့ခဲ့ပါ။ အလုပ်အမတန်များလှသော CEO ရာထူးကိုနားလည်ပေးထားသော်လည်းယခုတစ်ခေါက်တော့ ကပ်တွက်ချင်နေမိသည်။ကြာလာလေနွေဦးများ ကိုယ့်အပေါ် စိတ်လျော့လာပြီလားဟု မတွေးကောင်းတွေးကောင်းတွေးမိတတ်သေးသည်။ နွေဦးရဲ့စိတ်ကိုအလုံးစုံယုံကြည်ပေးထားသော်လည်း မယုံရတာ နောက်ကွယ်က ကံတရားဖြစ်သည်။ကိုယ်ကသူ့ထက် အသက်​လေးးနှစ်ကွာသောလူတစ်ယောက် ဒေါင်ချာစိုင်းအောင်အလုပ်များနေရသောသူ ။dating လုပ်ကြဖို့မပြောနှင့်တစ်မိနစ်ပြည့်အောင်ပင်ဖုန်းပြောဖို့ အနိုင်နိုင်ဖြစ်နေရသည်။သို့ပေမဲ့ မုန်းခန့်ထည်အားလပ်ရက်ရလျင် ချက်ချင်းရန်ကုန်ကို တက်လာပြီး နွေဦးအတွက်အချိန်ရအောင်ပေးခဲ့သည်သာဖြစ်သည်။ နွေဥိးကတော့ မော်လမြိုင်ကိုတစ်လတစ်ခါတောင်မရောက်ဖြစ်ခဲ့ပါ။ အလုပ်များနေသောအချက်ကိုလက်ခံပေးခဲ့ကာ အရာရာကိုလိုက်လျောညီထွေဖြစ်အောင် မုန်းခန့်ထည်နေပေးခဲ့သည်။ထို့ကြောင့်ပင် နွေဦး အနားမှာ စိတ်ချနေချင်သည့်အတွက် နိုင်ငံခြားကပြန်ရောက်ရောက်ချင်း အပြောင်းတင်ခဲ့ရသည်။

အနည်းငယ်လျော့ရဲလာတယ်လို့ထင်ရတဲ့ဆက်ဆံရေးကို ပြန်တင်းဖို့ကြိုးစတစ်ဖက်ကို မုန်းခန့်ထည်လက်မလွှတ်ရဲချေ။
ကိုဇွဲတမန်ပြောခဲ့ဖူးတာသတိရလိုက်သည်။ အိမ်ထောင်တစ်ခုတည်ဆောက်ပြီဆိုရင် မျှတွေးရတာတွေများလာပြီတဲ့။
သူ့  ဘက်ကဆွဲထားတဲ့ကြိုးနဲ့ကိုယ့်ဘက်က မြဲထားတဲ့ကြိုး ကတင်းနေဖို့လည်းမလိုသလိုလျော့နေလို့လည်းမရဘူးတဲ့။
ထိုအချိန်တုန်းကတော့ အချစ်တစ်ခုရှိ၇င် အရာရာပြည့်စုံနိုင်ပြီထင်ခဲ့သည်။ ကိုဇွဲတမန်ပြောတဲ့စကားကို အသိအမှတ်ပြုရုံလေးသာပြုခဲ့ပြီး အာရုံထဲသိပ်မထည့်ခဲ့။

အမုန်းအဆုံးသတ်​Where stories live. Discover now