" 38 "

10.1K 592 22
                                    


" Baby အရမ်းပိန်​သွားတယ်​ "

ဇွဲ တမန်​ သူ့ပါးအား ကိုင်​ထားတဲ့ လက်​ ကို
ပုတ်​ချလိုက်​၏။

သူက ဘာလာလုပ်​တာလဲ ?

အခုချိန်​မှ ဘာလာပြန်​လုပ်​တာလဲ ?

တံခါး ကို ​ဆောင့်​ ပိတ်​ ဖို့ ပြင်​လိုက်​​ပေမဲ့ ထိုလူက
ကိုယ်​တစ်​ပိုင်း ကို အလျင်​အမြန်​ ဝင်​လိုက်​ကာ
သူ့ကိုယ်​နဲ့ ခံထား ​လေ၏။သန်​မာ ​တောင့်​တင်းလှတဲ့
ကိုယ်​ကို တွန်းဖယ်​ ဖို့ မဖြစ်​နိုင်​​လေ ​တော့

" ထွက်​သွား "

ဒေါ သတကြီး ​အော်​ ထုတ်​ ​နေတဲ့ ဇွဲတမန်​ကို
အ​ရေးမစိုက်​ ။အ​ရှေ့ကိုသာ ပိုတိုး လာ တာ မို့
ဇွဲတမန်​ သူ့ကို ​ဆောင့်​တွန်း ​လိုက်​၏။

သူက အခုချိန်​မှ အားလုံး တည်​ငြိမ်​ သွားတဲ့ အချိန်​မှ
ဘာလို့ ​ရောက်​လာတာလဲ ?

" ခင်​ဗျား ထွက်​ သွား "

့်​ အိမ်​ပြင်​ကို တွန်းထုတ်​ ​နေတဲ့
ဇွဲတမန်​ကို ထိုလူက ဖမ်းဆွဲလိုက်​ပြီး လက်​​တွေကို
ဆွဲချုပ်​ လိုက်​၏။

" Baby calm down !I' ll explain you "

" ငါ့ကို babyလို့ မ​ခေါ်နဲ့ "

" ok ok ကိုယ်​ရှင်းပြတာ နား​ထောင်​ ​ပေးပါ please "

မြန်​မာလို ​ပြော ​နေ​သော အသံ သည်​ ဝဲ ​နေပြီး
မပီတပီဖြစ်​ ​နေ​သေး၏။ အာ လုပ်​သံ  အများစု ပါ
နေ​ပေမဲ့ မြန်​မာ လို​တော့ ​ရေ​ရေလည်​လည်​ ​ပြော နိုင်
နေ​သော ထိုသူ သည်​ ဇွဲတမန်ရဲ့ လက်​နှစ်​ဖက်​ ကို
ချုပ်​ထား ​နေရာ မှ မလွှတ်​​ပေး​သေးဘဲ
မြန်​မာ စကား ကို တစ်​လုံးချင်းစီ ​ပြော ပြ ​နေ၏။

" ကိုယ်​ပြန်​လာ​တော့ မင်းကို လာရှာ ​သေးတယ်
လေ မှတ်​မိလား ညမိုးချုပ်
မင်းဆိုင်​မှာ မင်း ကို မန်​​နေဂျာ က တစ်​ဆင့်
ခေါ်ခိုင်းခဲ့တာ but မင်း​ရောက်​မလာခဲ့ဘူး
ကိုယ်​မင်းဆိုင်​မှာ ​သောင်းကျန်းခဲ့​သေးတယ်
အဲ့ဒါ မင်း ကို ​တွေ့ ချင်​ လို့ မင်း အဲ့ဒီညက ​ရောက်
မလာဘူး.​နောက်​​နေ့ထိ ကိုယ်​​စောင့်​တယ်​ ​နောက်​တစ်​​နေ့
တွေ​ရောပဲ မင်း မရှိ ဘူး ကိုယ်​မင်းကို အရမ်း ​တွေ့ 
ချင်​​နေခဲ့တာပါ "

အမုန်းအဆုံးသတ်​Där berättelser lever. Upptäck nu