"43"

9.9K 645 32
                                    


ငူငူငိုင်​ငိုင်​ နဲ့ ​နေမထိထိုင်​မသာ ဖြစ်​​နေတာ
တစ်​ပတ်​ကြာမြင့်​​နေပြီ။ အလုပ်​လုပ်​လိုက်​တိုင်းလွဲ
နေတာ တခြားသူ​တွေကပါ အသိပြန်​​ပေးရတဲ့ အထိ။
စေ့စပ်​​သေချာ လွန်းတဲ့ ဆရာက န​မော်​နမဲ့ နိုင်​​နေတယ်
ဆို​တော့ ​ဆေးရုံတစ်​ခုလုံးရဲ့ အမြင်​မှာဆန်း​နေကြသည်​။

ဘယ်​လိုမှမ​နေနိုင်​ကြ​တော့ သီဟ က ​မေးယူရ၏။

" ခန့်​ထည်​ မင်းဘာဖြစ်​​နေတာလဲ ကြည့်​ရတာရည်းစား
ပူမိ​နေတဲ့အတိုင်းပဲ"

" ဟန်​ "

ငူတူတူနဲ့ ​ဆေးရုံ ဝင်းက ခ​ရေပင်​​အောက်​မှာထိုင်​​နေတဲ့
မုန်းခန့်​ထည်​က အူ​ကြောင်​​ကြောင်​​လေးပြန်​ကြည့်​၏။
ပြီး​တော့သက်​ပြင်းပူကြီးချကာ ပြန်​မ​ပြောဘဲထိုင်​​နေ
ပြန်​သည်​။

သွား​တွေ့ချင်​သည်​။ တစ်​မြို့ထဲမှာ သူနဲ့အတူရှိ​နေတယ်
ဆိုတဲ့အသိက ရင်​အစုံကို ခပ်​​နွေး​နွေးခုန်​လှုပ်​​စေ၏။
ဟိုတစ်​​နေ့က ​​တွေ့ရတဲ့ပုံစံအရဆို ဒီကိုအလုပ်​ကိစ္စအရ
လာတာဖြစ်​နိုင်​သည်​ ။ ပြန်​ဦးမှာ မဟုတ်​ ။
တွေ့ချင်​စိတ်​​တွေ တရိပ်​ရိပ်​တက်​လာလိုက်
ဘယ်​မှာသွားရှာရမှန်းမသိလို့ စိတ်​ဓာတ်​​တွေ
ဟိုး​အောက်​ဆုံးကျသွား လိုက်​နဲ့ အကြိမ်​ကြိမ်
သက်​ပြင်း​မော ကြီး ပဲ ချမိ၏။

သူပိုင်​တဲ့ shopping center ကို ​နေ့တိုင်း
သွား ​သော်​လည်း လူမ​ပြောနဲ့ အရိပ်​​တောင်​မမြင်​ရ ။
အ​ပေါက်​ဝမှာ ဂျူတီချိန်​လွတ်​ပြီး​လေတိုင်း သွားသွား
စောင့်​ရလွန်းလို့ လုံခြုံ​ရေးဦး​လေး​တွေ နဲ့​တောင်
အ​တော်​အသင့်​မျက်​မှန်းတမ်းမိ​နေပြီ။
ကိုယ်​လာရင်​ မျက်​စိ​ဒေါက်​​ထောက်​ ကြည့်​​နေကြ
သော်​လည်း မရှက်​နိုင်​အား ။ သူတို့ကို ​မေးဖို့ကြ​တော့
သူ​ဌေးနဲ့ အလုပ်​သမား ဘယ်​လိုမှ သိမှာမဟုတ်​။
သံသယ အဖြစ်​ခံရ မှာပဲ အဖက်​တင်​နိုင်​သည်​။

ကောက်​ရိုးပုံထဲ အပ်​​ပျောက်​ရှာ ရတာကပိုလွယ်
ဦးမည်​။ မ​တွေ့ချင်​ဘဲ ​ရှောင်​​နေတဲ့လူက ​တွေ့ဖို့
ပိုခက်​၏။

အမုန်းအဆုံးသတ်​Where stories live. Discover now