"34-2"

9.2K 630 26
                                    


ဆိုင်​သွားရမှာမို့ အိမ်​မှာ ​နွေဦးကို
စောင့်​​ ​ပေးမဲ့ လူ မရှိမှာစိုးလို့ စိတ်​ချရ​အောင်
ကိုမုန်း နဲ့ အပြင်​ လွှတ်​ခဲ့ တဲ့ ကိုဇွဲသာ
နွေဦး အခု လို လိုင်းကား တိုးစီး ​နေရတယ်​သာ
သိရင်​ ဘယ်​​လောက်​ရင်​ထု မည်​လဲ မသိ။

ကိုမုန်း တို့မိသားစုက ဝန်​ထမ်း​တွေဆို​တော့
ကား လည်း မရှိ ။ရှိတဲ့ဆိုင်​ကယ်​က နယ်​မှာ ကျန်​ခဲ့ တာ
ရန်​ကုန်​မှာလည်းစီး လို့ မရ ။ တက္ကစီငှါး ဖို့ကျ​တော့
နွေဦး က ကို မုန်း ကိုအားနာရသည်​။
သူက အခုမှ ​ဟောက်​စ်​ ဆင်းတုန်း ကို

အဲ့​တော့ အ​ကောင်းဆုံးနည်းက လိုင်းကားတိုးစီးရုံသာ။
အရင်​က အိမ်​မှာ​နေတုန်း က လိုင်းကား တိုးမစီးခဲ့
ဖူး​ပေမဲ့ အိမ်​ကို ​ကျောခိုင်း လာခဲ့ပြီးတဲ့​နောက်​ပိုင်း
Busကားဆိုတာ ကိုယ်​နဲ့ အသားကျ​နေခဲ့တာကြာပြီ။
ဒါ​ကြောင့်​ လိုင်းကား ကို ​အေး​ဆေးသက်​သာ စွာ
မျက်​နှာ တစ်​ချက်​မပျက်​ဘဲ တက်​စီး ​လေ သော
နွေဦး ကို ကိုမုန်း က အံသြတကြီးနဲ့
ကြည့်​​နေ​လေသည်​။

အမှန်​​တော့လိုင်းကား​ပေါ်မှာ သက်​​တောင့်​သက်​သာ
တော့ မဖြစ်​လှ ။ ထိုင်​စရာ ခုံ မရ၍ လူက မတ်​တပ်​။
ဒီကြားထဲ ထပ်​တက်​လာ တဲ့ လူ ​တွေ​ကြောင့်
ငါးပိသိပ်​သလို ဖြစ်​​နေ​လေသည်​ ။ လှမ်းကိုင်​စရာ
တန်း က လက်​များစွာ ကြား ထဲ အလုအယက်
ရောက်​သွား ကြရာ ​နွေဦး ကိုင်​စရာ မရှိ ​တော့ ။

ကိုမုန်း က ထိန်းကိုင်​စရာ ကွင်းတစ်​ခုရထား၍
သူက အဆင်​​ပြေ​နေ​သော်​လည်း ကိုယ်​က
ယိုင်​တိယိုင်​တိုင်​နဲ့ ဘရိတ်​တစ်​ချက်​အုပ်​တိုင်း
ဘေးနားက လူ​တွေကို ​ပြေး​ပြေးမိတ်​ဆက်​ ​နေ၏။
ကိုယ့်​မှာ လူကြားထဲ ဟိုလူ့ဆီဝင်​တိုး ဒီလူ့ဆီဝင်​တိုး
နဲ့ အမူးသမားသိုင်းကျင့်​​နေရသည်​ ။ ဒီကြားထဲ
ချွေး တစိုစိုနဲ့ ဝဝဖိုင့်​ဖိုင့်​လူကြီး တစ်​​ယောက်​ က
နွေဦးနဲ့ အနီးဆုံးမှာ ရှိ​နေရာ ကိုယ်​ ယိုင်​သွားတိုင်း
ထိုလူကြီး ကို သွား တိုး မိ​​နေတာမို့  ​ချွေးနံ​တွေက
လှိုင်​ကနဲထွက်​လာ​တော့ ခေါင်းပါ မူး​နောက်​လာရ၏။

အမုန်းအဆုံးသတ်​Where stories live. Discover now