"35"

9.8K 606 24
                                    


"ကျစ်​ "

စိတ်​မရှည်​စွာ ထွက်​လာတဲ့အသံက ပတ်​ဝန်းကျင်​က
ဆူညံမှုကို ဖုံးလွှမ်းနိုင်​ခြင်းမရှိ။
ခေါင်းက ဆံပင်​ကို ထိုးဖွပြီး လက်​သီးဆုပ်​က
စားပွဲ ​ပေါ် ကို ဒုန်းကနဲ ထု မိ တာ​တောင်
ဆူညံ​နေမှု ကတိတ်​ကျမသွား ။
လူတိုင်းက သူ့အာရုံသူ လှုပ်​ရှား​နေကြ၏။

အားလုံးက မီး​ရောင်​ ​ဖျော့​ဖျော့ ​အောက်​မှာ ​ပျော်​ ရွှင်
နေကြ​သော်​လည်း အားလုံးနဲ့ဆန့်​ကျင်​စွာ
ဒေါသမျက်​လုံး.တို့ဖြင့်​ တစ်​ကိုယ်​လုံး တုန်​ရင်
နေ​သော လူတစ်​​ယောက်​ က ​ထောင့်​ ခပ်​ကျကျ
စားပွဲ မှာရှိ​နေ၏။

" ပြန်​ ကြရ​အောင်​ကွာ ဖြစ်​လာတဲ့ ပြသနာ ကို
ဒီလိုရှင်းလို့မှ မရတာ မျက်​နှာချင်းဆိုင်​ ပြီး ​ဖြေရှင်း
ကြစမ်းပါ အခု​တော့ပြန်​ရ​အောင်​ ဒီ​နေရာက
မင်းကျင်​လည်​​နေကြ နယ်​​မြေလည်း မဟုတ်​ ပဲနဲ့
ကြာကြာ ​နေလို့ မ​ကောင်းဘူး "

" မပြန်​ဘူး ရဲမင်း ငါ ​မေ့ ချင်​​နေတယ်​ သဲ​ပြောခဲ့တဲ့
စကား ​တွေကို ငါ​မေ့ချင်​​နေတယ်​ "

မနိုင်​တဲ့ပုံစံနဲ့ရဲမင်း သည်​ ​ခေါင်း တယမ်းယမ်းလုပ်​ကာ
မုန်းခန့်​ထည်​ကိုထိုင်​ ကြည့်​ ​နေမိ​တော့သည်​ ။

မုန်းခန့်​ထည်​ ကသူ့ကို ဖုန်းဆက်​ကာ ဒီကို
လာရန်​ ချိန်း​​သော​ကြောင့်​ ရဲမင်း​ရောက်​လာ
ခဲ့ခြင်း ပါ ။ ချိန်းဆိုတဲ့ ​နေရာကလည်း မုန်းခန့်​ထည်​​ရော
ရဲမင်း​ရော တစ်​ခါ မှ ​ခြေ မချခဲ့ဖူး​သော နယ်​​မြေသစ်
တစ်​ခု ။
အရက်​barလို့ ​ပြောရင်​ပိုမှန်​မည်​။ ဒါ​ကြောင့်
မုန်းခန့်​ထည်​ သူ့ကိုဒီ​နေရာလာဖို့ လိပ်​စာ
ပြော ပြ​တော့ အံ့ သြ​နေခဲ့ရသည်​ ။

မုန်းခန့်​ထည်​မျက်​နှာမှာ နာကျင်​ရိပ်​နဲ့ ​ဒေါသ​ငွေ့တို့
ပေါင်းစပ်​ကာ ခက်​ထန်​​နေ၏။ လက်​မခံနိုင်​ခြင်းနှင့်
စိတ်​ပျက်​ ခြင်းကပါ ​ရော​နှော ​နေ​သေး၏။

" ​တောက်​ "

မုန်းခန့်​ထည်​ နားထဲကို ည​နေက သဲ ​ပြော​ခဲ့သော
စကားများက အစီအရီဝင်​​ရောက်​လာပြန်​သည်​​ကြောင့်
တောက်​ ​ခေါက်​မိခြင်း ။

အမုန်းအဆုံးသတ်​Where stories live. Discover now