လက်ကိုတင်းတင်းဆုပ်လို့ သူခေါ်ရာလိုက်လာမိသည့်အလျောက်
ရောက်ဖို့နီးကပ်လာလေအေးစက်လာသော လက်ဖ၀ါးများက
ရေခဲတမျှထုံကျင်လာလေဖြစ်သည်။ ခပ်ဖျစ်ဖျစ်တစ်ချက်ဆုပ်ကိုင်
လိုက်တဲ့ဖ၀ါးနွေးနွေးလေးက အခါတစ်ရာလောက်ပြန်ပြေးချင်နေသော
စိတ်တစ်ခုလုံးကို လုံခြုံသွားစေခဲ့သည်။"အိမ်ထဲကိုဝင် မယ်နော် ဖေဖေရော မမ ရောရှိတယ်
ဘာမှမကြောက်နဲ့ ၀င်ထွက်သွားလာဖူးတဲ့အိမ်ပဲ "မကြောက်ပါနဲ့ပြောမှ ကြောက်ချင်လာတဲ့ စိတ်ကို အခါပေါင်းများစွာ
ထုရိုက်နှက်လိုက်ချင်သည်။သူခေါင်္ရာလိုက်လာဖို့ အင်း ဟု ခေါင်းငြိမ့်
မိတာမှားပြီလား။လက်ကို ဆွဲကာအိမ်ထဲဝင်ဖို့ကြိုးစားနေတဲ့ မုန်းခန့်ထည်လက်ကို
ခပ်တင်းတင်းပြန်ဆွဲလိုက်တော့ ရောက်ရာနေရာမှာ ရပ်တန့်သွား
ပြီး နွေဦးကို ကြင်နာနွေးထွေးတဲ့ အကြည့်နဲ့ပြန်ကြည့်၏။"ခဏလေး ကျွန်တော် စိတ်လှုပ်ရှုားနေလို့ ခဏလေးပဲ "
လက်တကာကာနဲ့ အိမ်ရှေ့အုတ်တံတိုင်း ရှေ့မှာထိုင်ချကာ
ရင်ဘတ်ကို ဖိနေတဲ့ နွေဦးကို ချစ်စနိုး အကြည့်နဲ့
ပြုံးကာရပ်ကြည့် နေ၏။" ဟယ် ငယ်လေး အိမ်ထဲမဝင်ဘဲ ဘာလုပ်နေတာလဲ
ဧည့်သည် ပါလာတာလား "အပြင်ကို ထွက်လာသော သက်ထားက မုန်းခန့်ထည်
နဲ့ အတူ ကျောခိုင်းထိုင်နေတဲ့ လူတစ်ယောက်ကို တွေ့
တာမို့ အထဲ ဝင်ရန် ပြောလိုက်လေသည်။ သက်ထားရဲ့
အသံ က သိပ်မကျယ်သော်လည်း ကျောခိုင်းထားတဲ့
ကောင်လေးရဲ့ ကျောပြင် တစ်ခုလုံး သိမ့်ကနဲ တုန်သွား
ခြင်းကို တွေ့ လိုက်ရ သည်။ သက်ထားစိတ်ထဲတွင်
တော့ ဒီကောင်လေးဟာ လူကြောက်တတ်တာလား
ဟုအတွေးဝင် နေလေ၏။မုန်းခန့်ထည်က အပြင်ထွက်လာတဲ့ သက်ထားကို ပြုံးပြ
ကာ ဇီးရွက်သာသာ ရှိတော့တဲ့ မျက်နှာ နဲ့ နွေဦးမိုး
ရဲ့ပုခုံးကို ဆုပ်ကိုင်အားပေးလိုက်သည်။ ဆောင့်ကြောင့်
ထိုင်ချထားတဲ့ကောင်လေးက မုန်းခန့်ထည် လက်တင်
လိုက်ရုံရှိသေး ၊ ပုခုံးကြောပါ တွန့်သွား လောက်အောင်
ကြောက်နေပုံကြောင့် နွေဦးမိုးအရှေ့ကနေ ငုတ်တုတ်
ထိုင်ချကာ မျက်နှာချင်းဆိုင်လိုက်၏။ ကြောင်ငယ်လေးလို
အားငယ်တဲ့ မျက်လုံးနဲ့ လှမ်းကြည့်လာ တဲ့ နွေဦး ရဲ့
လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ
မျက်လုံးချင်း ထိပ်တိုက်ဆုံစေ သည်။ အပိုစကားတွေ
မပြောရပါဘဲ မျက်ဝန်းအကြည့်နုနု နှင့် အားပေးနေမှန်း
သိသာစေတဲ့ အကြည့်တို့နှင့် နွေဦးကို ပြုံးပြလိုက်၏။
ထိတ်လန့်မှု တစ်ဝက် လျော့ကျသွားပုံရတဲ့ နွေဦးက
ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်း လေးတစ်ချက်ညိမ့် ပြ၏။.
YOU ARE READING
အမုန်းအဆုံးသတ်
Romanceအချစ်ကို ကိုးကွယ်သောလူသားတစ်ယောက်နဲ့ အချစ်မခံချင်သောစိတ်ကူးယဉ်မဆန်သောလူသားတစ်ယောက် အချစ် မှာဘယ်သူက ကျရှုံးမလဲ #bl