"24"

8.6K 583 11
                                    

မီး​ရောင်​စုံ များနဲ့ မြက်​ခင်းစိမ်းများက ပနံရစွာ
ခင်းကျင်းထား​သော ခုံများက အစီ အရီ
မဟူရာည အလယ်​ မှာ ပြိုးပြက်​ လင်းလက်​​နေ​သော
ပွဲ အခမ်းအနားတစ်​ခု
တစ်​နည်း​ပြောရရင်​ ​နွေဦးရဲ့ စာ​မေးပွဲ ​အောင်​ အထိမ်း
အမှတ်​နဲ့ ​မွေး​နေ့ ပွဲ ..​နွေဦးက ပွဲ မလုပ်​ချင်​​ပေမဲ့
အ​ဖေတို့အ​မေတို့ ​စိတ်​ချမ်းသာ​စေချင်​၍ လုပ်​ခွင့်​ပြုထား
ခြင်း.ပါ....

ထို အခမ်းအနားမှာ စိတ်​​စော စွာခပ်​​ဝေး​ဝေးကို ​မျှော်
ကြည့်​ ​နေသူတစ်​ဦး ...
ထိုသူက အခြားမဟုတ်​ ​မွေး​နေ့ရှင်​တစ်​ဖြစ်​လဲ
မောင်​​နွေဦးမိုး ..
ဖိတ်​ထား​သော တစ်​ဦးတည်း​သောသူ မ​ရောက်​​သေး၍
မျှော်​​နေခြင်း ပါ .....
တခြားသူ​တော့မဟုတ်​ မုန်းခန်ု့ထည်​ကို ​မျှော်​​နေတာပါ

ပွဲ စပြီး တစ်​နာရီ​လောက်​ကြာသည်​အထိ
ရောက်​မလာ ​သေး၍ စိတ်​ထဲထင့်​ ​နေ၏ ။
ဟို ​တစ်​ည က ​ဆေးရုံမှာဖြစ်​သွားတဲ့ ကိစ္စနဲ့
ကိုမုန်း ​နွေဦးကို ​ရှောင်​​နေသည်​ ကို ​နွေဦးသိသည်​ ။

ဖုန်းဆက်​ရင်​လည်းဖုန်းမကိုင်​။ ​ဆေးရုံကိုသွား​တွေ့ ​တော့
လည်း အရိပ်​အ​ယောင်​မမြင်​ရ ။
အခုပွဲကို​တောင်​ မမ သဲ ကို ဖုန်းဆက်​ပြီး ဖိတ်​လိုက်
ရသည်​။ စုံတွဲ​လေးတက်​​ပေးပါလို့ မှာ လိုက်​ရ​သေး၏။

မျက်​နှာ​လေးကို မြင်​ချင်​​တော့လည်း မဖြစ်​ဖြစ်​တဲ့
နည်းလမ်းကိုစဉ်းစား ပြီး မျက်​နှာ​ပြောင်​တိုက်​ စွာ
ချစ်​​သောသူရဲ့ ချစ်​ဦးသူကို သွား​ပြောရတဲ့ အဖြစ်​ ပါ ။

ခြံဝမှာ ကားတစ်​စီးဆိုက်​လာ​တော့ ​မျက်​စိ က
အသည်းအသန်​ ​ပြေးလွှားကြည့်​မိသည်​ ။
ဆလွန်းကား အဖြူ ​လေးက ခြံ ထဲကို လှိမ့်​ပြီး
ဝင်​လာ ကာ ဆင်​ဝင်​​အောက်​မှာ ရပ်​လိုက်​၏ ။
ကား​ပေါ်က ဆင်းလာ တဲ့ သူကို
ရင်​တထိတ်​ထိတ်​နဲ့ မျက်​​တောင်​မခတ်​တမ်း
ငေးကြည့်​ ​နေရ၏ ။ အသက်​​တောင်​ဝဝ မရှူ ရဲဘဲ
ဆင်းလာမဲ့ ​ခြေ အစုံကို ​မျှော်​​ငေး​နေရ၏ ။

အမုန်းအဆုံးသတ်​Where stories live. Discover now