" 30 "

10.3K 625 15
                                    


ဟင့်​အင်း မလုပ်​နဲ့ ငါ့ဘဝကို မဖျက်​ဆီးလိုက်​ပါနဲ့
မင်းတို့ ဘာလိုချင်​လဲ ငါ​ပေးနိုင်​တယ်
မလုပ်​ပါနဲ့ ....အား ....

နွေဦး.

ကိုကို ..ကိုကိုလား
ကယ်​ပါဦးကိုကို .... ကျွန်​​တော့်​ကို သူတို့ ညစ်​နွမ်း​အောင်
လုပ်​ကြ​တော့မယ်​ အား ....

နွေဦး .... သတိထား ​လေ ..

ကိုကို ကျွန်​​တော့ဆီ ကို လာ​ပေး.ပါလားဗျာ ကျွန်​​တော်
လှုပ်​လို့မရလို့ပါ ..
မြေကြီး​ပေါ်က ထွက်​လာတဲ့ ဘယ်​က မှန်​မသိတဲ့ ကြိုး
တွေ ကျွန်​​တော်​ခန္ဓာကိုယ်​ကို ပတ်​ချည်​ ထားကြတယ်

ဟိုး​ရှေ့မှာ ကျွန်​​တော့်​ရဲ့ကိုကို

အ​နောက်​က လင်းဖြာ​နေတဲ့ အလင်း​ရောင်​ က
ကိုကို့အ​နောက်​က ထွက်​​ပေါ်လာတာမို့
စူးရှ​နေ​သော အလင်း​ရောင်​​ကြောင့်​ ကိုကို့ ကို.
သေချာမမြင်​ရ ...

အလင်းစူးစူး​ကြောင့်​ ​အောင့်​တက်​လာ​သော
မျက်​လုံးကို ပိတ်​ချလိုက်​မိ၏ ။

ပြီးမှ ခပ်​​ဖြေး​ဖြေး ပြန်​ဖွင့်​ကြည့်​​တော့
ကိုကို့ ပုံရိပ်​ကို ဝိုးတဝါးက​နေပြတ်​ပြတ်​ထင်​ထင်
မြင်​ရလာ ၏ ။

မတည်​မပြုံး.စူးစိုက်​ကြည့်​​နေ​သော ကိုကို က
နွေဦး ရဲ့ အ​ခြေ အ​နေကို ဂရုမစိုက်​ သလို ပင်
သွေး ​အေး လွန်းလှသည်​ ။

ကြိုး.​တွေရဲ့ ဆွဲအားနဲ့ ပတ်​ချည်​​နှောင်​ထားတဲ့ အရှိန်
ကြောင့်​ ​သွေးစိမ်းရှင်​ရှင်​ကျလာ ၏ ။.
ရုတ်​တရက်​ဘယ်​က ​ရောက်​လာမှန်းမသိ​သော
ဓား.ဦးချွန်​ က ​နွေဦး နှလုံးသား.တည့်​တည့်​ ကို
ထိုးစိုက်​ ​နေ၏ ။ နှလုံးသားက ဒဏ်​ရာ ကို အုံသြစွာ
ကြည့်​ ​နေ​ရင်း နှ လုံးသား မှ တစိမ့်​စိမ့်​ စီးဆင်းလာ​သော
သွေးများသည်​ ​နွေဦးရဲ့ရင်​ဘတ်​မှ တဆင့်
ကိုကို ရှိ ရာသို့  စီးဆင်းသွားကြ၏ ။

အမုန်းအဆုံးသတ်​Where stories live. Discover now