နှစ်​သစ်​ လက်​​ဆောင်​ (U&Z)

6.3K 319 18
                                    

Warning

****************
အိမ်​ပြန်​​ရောက်​တဲ့အချိန်​မှာ ည ​ခြောက်​နာရီ​လောက်​ရှိပြီ ။

" ငယ်​ ​လေး ​လာလာ ​အေးလာတယ်​ ထင်​တယ်
နှုတ်​ခမ်း​တွေ တုန်​လို့ "

မမသက်​ထားက ​နွေဦး ဆီ​ပြေးလာကာ ပဝါဖြင့်​ ထုပ်​ပတ်​​ပေးထား သည်​။

" ​ကျေးဇူး မမ "

" ညီ လာ ​ရေ​နွေးနဲ့လာချိုးလိုက်​ ​နွေးသွားရ​အောင်​ "

အားလုံးလဲပြု ပြီးစီးသည့်​ အချိန်​ မှာ မိုးချုပ်​ပြီဖြစ်​သည်​ ။

" ညီ နှစ်​သစ်​မှာ ဘုရားသွားချင်​လား "

" အင်းသွားမယ်​​လေ "

နှစ်​ဆန်းတစ်​ရက်​​နေ့ ညမို့ ဘုရားမှာ လူများ​လောက်​သည်​။
ဦးခန္တီ ဘုရား ကို ဆိုင်​ကယ်​ဖြင့်​ပင်​ သွား ခဲ့ လိုက်​သည်​ ။
ဦးခန္တီ တည်​ခဲ့​သော ဘုရားများအနက်​ တစ်​ဆူ အပါအဝင်
ဖြစ်​​သော ဘုရားကြီးကလည်း ​မော်​လမြိုင်​မှာတည်​ရှိသည်​။

ဘုရားကြီးရဲ့အ​နောက်​ဘက်​ ဝရံတာ ဟုဆိုရမည်​ဖြစ်​​သော
ကော်​ရစ်​တာ မှ ​မျှော်​ကြည့်​လျှင်​ တစ်​မြို့လုံးနီးပါးကို
လွှမ်းခြုံ မြင်​နိုင်​ သည်​ ။ ည​နေ​စောင်းချိန်​ဖြစ်​​သော​ကြောင့်
အလုံးစုံ ဝင်​သွားပြီဖြစ်​​သော ​နေလုံးကြီး၏ ​ရောင်​ရှိန်​တစ်​ချို့သည်​သာ ခပ်​ သဲ့သဲ့ ကျန်​ရစ်​​နေခဲ့သည်​ ။

ဘုရားရင်​ပြင်​​နော်​​ပေါ်ဝယ်​လူ များ အပြည့်​ ဖြစ်​​နေသည်​ ။
တက်​လာတဲ့လူနဲ့ ဆင်းသွားတဲ့သူ​တွေ လူးလာ​ခေါက်​တုံ့ဖြစ်​​နေ​လေသည်​ ။ ​တောင်​​ပေါ်တန်းမှာ ဘုရား များ
စီတန်းလျက်​ရှိတာ​ကြောင့်​ လူအများက ခွဲ၍ ဖူးလိုက်​သလိုရှိ၍ ​တော်​သင့်​ရုံသာ လူများ ​လေသည်​ ။

" ညီ ကိုယ်​တို့ ဒီမှာ လှူ သွားကြရ​အောင်​ "

" အင်း လှူ ​လေ "

" ဦး​လေး အလှူ​ငွေထည့်​ချင်​လို့ "

" နာမည်​​လေး​ပြောပါ က​လေး"

" ​မုန်းခန့်​ထည်​ နဲ့​နွေဦးမိုး "

ဂေါပက လူကြီးက ​ခေါင်းတဆတ်​ဆတ်​ငြိမ့်​ လျက်
နာမည်​​ရေးသွင်း​နေ၏။

အမုန်းအဆုံးသတ်​Where stories live. Discover now