"4"(Zawgyi/Unicode)

14.9K 922 0
                                    


ကျွန်​​တော်​ ခြံကြီး​ရှေ့မှာ ​ခြေစုံရပ်​ ကာ အထဲ က အ​ခြေ​အ​ကေို​လေ့လာ​နေသည်​ ။ခြံစည်းရိုးက လူတစ်​ရပ်​​ကျော်​သည်​မို့ အထဲဘက်​ကိုမမြင်​ရ ။ ရဲ မင်း စပ်​​ပေး​သော အလုပ်​မှာ အဆင်​​ပြေသွားသည့်​အတွက်​ ဒီ​နေ့ စာ​ဖို့ ​ရောက်​လာခြင်း ပင်​ ။ ရဲမင်းက လိုက်​ပို့​ပေးမည်​ဟု​ပြော​ပေမဲ့ ကျွန်​​တော်​ က မူကြို​က​လေးမှမဟုတ်​တာ ။ ဒါ​လောက်​​တော့သွားလာတတ်​သည်​ ။ ရန်​ကုန်​ မှာ​ကျောင်းတက်​တာ​ ​ခြောက်​နှစ်​ပြည့်​​တော့မည်​ကိုး ။

တင်း ..တောင်​ ...
ကျွန်​​တော်​လူ​ခေါ်ဘ(ဲ လ်​ )နှိပ်​ပြီး ခန​စောင့်​​နေလိုက်​သည်​ ။ ခန​နေ​တော့ ဦး​လေးကြီးတစ်​​ယောက်​ခြံတံခါးလာဖွင့်​​ပေးသည်​ ။
" ​မောင်​ရင်​ က စာလာသင်​​ပေးတဲ့ ဆရာထင်​တယ်​ "

" ဟုတ်​ကဲ့ ဦး "

" ​အေး​အေး သူ​ဋ္ဌေး​ပြောထားတယ်​ .. လာ လာ အထဲဝင်​ပါ ဆရာ "
ခြံ​စောင့်​ဦး​လေးဖြစ်​ဟန်​တူ​သော လူ.ကြီး က သူ့ကို အိမ်​ထဲ ​ခေါ် ဝင်​သည်​။ သူက ​တော့ဦး​လေးကြီး ​နောက်​ကလိုက်​ရင်း ခြံ ထဲကိုမျက်​စိ ​ဝေ့ ကြည့်​မိသည်​ ။ ခြံဝနှင့်​ အိမ်​ဆင်​ဝင်​​အောက်​ကိုပင်​ အ​တော်​ ဝင်​ ရသည်​။ လူသွားလမ်း ​ဘေးတစ်​ဖက်​တစ်​ချပ်​စီတွင်​ နှင်းဆီ ပင်​များကို အိုးနဲ့စိုက်​ကာ စီတန်းချထားသည်​ ။ ဟိုဘက်​ခြမ်းမှာ​တော့ အလှမြက်​ခင်းပြင်​များနှင်​ ​ရေတံခွန်​တုများ ပန်​ပင်​များကို စိမ်းလန်း စွာ​တွေ့ ရသည်​ ။ တိုက်​ရဲ့ ဆင်​ဝင်​​အောက်​​ရောက်​​တော့ ဦး​လေး ကြီး က အထဲကို ​အော်​​ခေါ်​ပေးကာ ပြန်​လှည့်​ထွက်​သွားသည်​ ။ ကျွန်​​တော့ကို​တော့ အိမ်​ထဲ ဝင်​ ကာ ခန​စောင့်​​နေပါဟု ​ပြောသွား ​တော့ ကျွန်​​တော်​လည်း ဧည့်​ခန်းက ​ကာ ဆို ဖာ မှာထိုင်​​စောင့်​​နေမိသည်​။ အိမ်​အတွင်းအပြင်​အဆင်​က ​တော့ လူချမ်းသာတို့ရဲ့ ထုံးစံအတိုင်း တန်​ဖိုးကြီး ပစ္စည်းများဖြင့်​အလှဆင်​ ထား.သည်​ ။ အိမ်​ထဲကိုအကဲခတ်​ရင်း ကျွန်​​တော်​​တွေးမိသည်​ ။ ဤ မျှ​လောက်​ချမ်းသာ ​နေ​သော သူ၏ သား က ရုပ်​ရှင်​ထဲ ​တွေထဲကလို ​မောက်​မာပြီး အ​ကြောတင်းရင်​​တော့ ငါနဲ့ အ​စေး ကပ်​မှာ မဟုတ်​ဟု ၊ အဲလိုမဖြစ်​ပါ​စေနဲ့ဟုသာဆု​တောင်းရသည်​ ။

အမုန်းအဆုံးသတ်​Where stories live. Discover now