Extra. part 2(U&Z)

10.2K 524 41
                                    

တောက်​​တောက်​ပပ ကြယ်​တစ်​စင်းက
သာ​လေ​ရော့ ကိုယ့်​​ရှေ့မှာ
နေမင်းသူရိန်​ ငြိုးငယ်​​အောင်​များ
ဆု​တောင်း​ကောင်းရက်​​လေသလား ...

.................................

ထိုင်​ရက်​က​လေးက​နေ မထနိုင်​​သေး ဘဲ
ခန်းမထဲက ထွက်​လာတဲ့ ကိုယ့်​ရဲ့ ဧကရာဇ်​ကို
ငေး​မောကြည့်​​နေရင်းက အချိန်​​တွေလည်းရပ်​တန့်
သွားသလို ၊ အသက်​ရှုဖို့လည်း​မေ့​မျောသွား၏။

တိုင်းတစ်​ပါးမှာအ​နေကြာ​တော့ မတူညီတဲ့ အပူချိန်​​တွေ
ကြား ဖြူ နှစ်​​လာတဲ့အသားအ​ရေက
သူဝတ်​ထား​သောအဖြူ​ရောင်​ ရှပ်
အကျီ င်္ကိုပင်​အ​ရောင်​​မှေးမှိန်​​စေသည်​ အထိ ။
ဆံပင်​​တွေက​တော့ အရင်​ကအတိုင်းမ​ပြောင်းမလဲ
ခေါင်းလိမ်းဆီနစ်​​နေ​အောင်​ရွှဲလျက်​ 
နောက်​ဘက်​သို့​ ပုံကျကျ လှန်​တင်​ထား​လေသည်​ ။
မျက်​နှာ​ပေါ်က တည်​ငြိမ်​ရင့်​ကျက်​ခြင်း​တွေကို​တော့
ညတိုင်း video call ​ပြော လျှင်​​တွေ့ ရတတ်​​ပေမဲ့
အပြင်​မှာက ပိုပြီးလူကြီးဆန်​ ကာ ရင့်​ကျက်​​နေသည်
ဟုပင်​ထင်​မိသည်​ ။

ကိုယ့်​ကိုယ်​ပိုင်​ အမှတ်​အသားပြုထားတဲ့ ကြယ်​တစ်​စင်း
ကို ​ငေး​မောကြည့်​​နေလိုက်​တာ ​ဘေးမှာခပ်​လှုပ်​လှုပ်​​လေး
နွဲ့နွဲ့​နှောင်း​နှောင်​ ပါလာတဲ့ မိန်းမလှ​လေးကို ​တော့
မမြင်​မိပါ​ချေ ။ အနှီလူသားနှစ်​​ယောက်​ ခွဲခွာကာနီး
လက်​ပြနှုတ်​ဆက်​ ကြ​လေ​တော့မှ သတိထားမိရ​တော့၏။

ချက်​ချင်းကုတ်​ကျသွားတဲ့ မျက်​ခုံး​တွေက မလိုလားခြင်း
ကိုပြချင်​​သော်​လည်း ချက်​ချင်း​တွေးလိုက်​မိတဲ့ အ​တွေးတစ်​ခုက ငါဟာ သူ့ကို စိတ်​ချထားရမယ်​ သူ့အ​ပေါ်အပြည့်
အဝ ယုံကြည်​​ပေးရမယ်​ ဆိုတဲ့ စိတ်​က​လေးပြန်​ဝင်​လာ​တော့ ခုနကလို အလိုမကျခြင်း​တွေ က
ကြာရွက်​​ပေါ်က ​ရေတစ်​စက်​လို ​လျှောကျ လွင့်​ပါးသွား၏။

နွေဦးကို ​တွေ့ ရသည်​နှင့်​ လ​ရောင်​ဆမ်း​သော ကြာပွင့်​ပမာ
ပြည့်​လန်းလာတဲ့ မုန်းခန့်​ထည်​ မျက်​နှာရိပ်​က ဖုံးမရဖိမရ။
မုန်းခန့်​ထည်​​နွေဦးဆီ​လျှောက်​လာသည်​အထိ ​နွေဦး
ကထိုင်​ရာကမထ ရ​သေး ။ ​နွေဦးမျက်​နှာကို ကြည့်​လိုက်​လျှင်​ အနည်းငယ်​ တင်းမာ​နေသည်​ကို ​တွေ့ ရလိမ့်​မည်​ ။
သို့​သော်​ ထိုမျက်​နှာကဲ သည်​ ခုနက ကိစ္စနဲ့ လားလားမှ မဆိုင်​ဘဲ မုန်းခန့်​ထည်​က​ သူ့အ​ပေါ် သုံးနှစ်​တာမျှ ပစ်​ထား
ခြင်းကို ရင်​ခံ ​နေ​သော ပုံပင်​ဖြစ်​​သည်​ ။

အမုန်းအဆုံးသတ်​Where stories live. Discover now