"39"

9.5K 590 13
                                    


ရုတ်​ချည်းတိတ်​ဆိတ်​သွားတဲ့ အ​ခြေ အ​နေကို
ဖြိုခွဲလိုက်​သူ က သဲကိုယ်​တိုင်​ ပင်​ ။
သူမကိုယ်​တိုင်​လည်း အံ့သြ​နေတဲ့ အ​ခြေ အ​နေ။

"ဧကန္တငါထင်​​နေတဲ့ လူ ​တော့ မဟုတ်​ဘူး မလား "

မုန်းခန့်​ထည်​ တစ်​ချက်​သာ မျက်​လုံး လှန်​ကြည့်​ပြီး
သက်​ပြင်းချ၏။ မျက်​လွှာကို ​အောက်​ပြန်​စိုက်​ပြီး
ကော်​ဖီ ခွက်​ ကိုသာ အ​ကြောင်းမဲ့ ​ငေးကြည့်
နေ၏။ လက်က​တော့ ​ကော်​ဖီခွက်​ထဲက ဇွန်း ကို
ခပ်​​လေး​လေး ​မွှေ ​နေ ကာ တစ်​လုံးချင်းပြန်​​ပြော
သည်​။

" ဟုတ်​တယ်​ "

" ဘာ "

မျက်​လုံးပြူးမျက်​ဆံပြူးနဲ့ ထ​အော်​တဲ့
သဲ ​ကြောင့်​ ​ဘေးဝိုင်းက​တွေ လှည့်​ကြည့်​ကြ၏။

"နင်​ နင်​ ဘယ်​လိုဖြစ်​သွားတာလဲ "

အထစ်​ထစ်​အ​ငေါ့ ​ငေါ့ ဖြစ်​​နေတဲ့ သူမကို
မုန်းခန့်​ထည်​ က သနားစဖွယ်​မျက်​လုံး ဖြင့်
လှမ်းကြည့်​ ပြီး သူကိုယ်​တိုင်​ လည်း စိတ်​ရှုပ်​ထွေး
နေတဲ့ပုံဖြင့်​ ဆံပင်​​တွေကို ဆွဲဖွ ​နေပြန်​သည်​။

" ငါလည်း မသိ​တော့ဘူး သဲရာ နင်​ငါ့ကို
ဟို​နေ့က ​ကော်​ဖီ ဆိုင်​မှာ ​ပြောပြီးကတည်းက
ငါ တစ်​စုံတစ်​ခုကို သိလိုက်​သလိုပဲ"

သဲက အစ်​မ ကြီးတစ်​​ယောက်​လို ပြုံး​နေ၏။
သူမကြည့်​တဲ့အကြည့်​​တွေက ​မောင်​ငယ်​​လေး
တစ်​​ယောက်ကို အား ​ပေး ​နေတဲ့ အကြည့်​မျို.း​လေး။

" နင့်​ ရဲ့ စိတ်​ရင်းအမှန်​ကို နင်​ ​တွေ့ ခဲ့ ပြီ​ပေါ့ "

" ငါ ငါ မ​သေချာ ​သေးဘူး သဲ ငါ့စိတ်​ထဲ မတင်​ မကျ
ဖြစ်​​နေတာရှိတယ်​ ငါ့ခံစားချက်​က အဲ့ဒီ ကိစ္စ တစ်​ရပ်
ကြောင့်​ ဖြစ်​​နေတာလားဆိုတာ ငါဒွိဟ ဖြစ်​​နေတယ်​ "

" ဘာကိစ္စလဲ "

သဲ က မုန်းခန့်​ထည်​ရဲ့ ငုံ့​နေတဲ့ မျက်​နှာကို
အတန်​ငယ်​ငုံ့ကြည့်​ကာ သူမအ​ရှေ့မှာရှိတဲ့
ကော်​ဖီ ပူကို မှုတ်​​သောက်​​နေ၏။

အမုန်းအဆုံးသတ်​Where stories live. Discover now