"23"

9.1K 649 15
                                    

နွေဦးရန်​ကုန်​ပြန်​​ရောက်​ပြီးကတည်းက မုန်းနဲ့
အဆက်​အသွယ်​ပြတ်​ ​နေ ကြသည်​ ။
ဖုန်းမဆက်​ဖြစ်​သလို စာတို​လေးတစ်​​စောင်​​တောင်​မပို့
ဖြစ်​ကြ ။ သူလည်း အလုပ်​ရှုပ်​​နေမှာဖြစ်​သလို
မုန်း လည်း အိမ်​ မှာ ဝိုင်းကူ​ပေး​နေရတာနဲ့ အလုပ်​များ ​နေ
ရတယ်​ ။ ဒါ​ကြောင့်​ တစ်​​ယောက်​နဲ့တစ်​​ယောက်
အဆက်​အသွယ်​မလုပ်​ဖြစ်​ ကြတာ ။

အမှန်​​​တော့ စာသင်​​ပေးထားတဲ့ တပည့်​ နဲ့
ဖုန်းတဂွမ်​ဂွမ်​ဆက်​ စာပို့ရ​လောက်​တဲ့ထိ​တော့
ဘယ်​သူမှ ရှိကြမယ်​မထင်​ ။
စာသင်​နှစ်​တစ်​နှစ်ပြီးသွားရင်​ အားလုံး ပြီးပြတ်
မေးထူး​ခေါ်​ပြော​လောက်​သာ.ရှိကြမယ်​ထင်​သည်​။
တကယ့်​ဆရာနဲ့ တပည့်​ ဆိုရင်​​တော့
ရို​​သေ သမှုနဲ့ လမ်းမှာ​တွေ့ ရင်​နှုတ်​ဆက်
ဆရာ့အိမ်​ကို အလည်​လာ ဖြစ်​ ကြတာရှား တယ်​ ။
တပည့်​ က ဆရာကို သံ​ယောဇဉ်​ တွယ်​ပြီး
အိမ်​အလည်​လာ လာကန်​​တော့ရင်​လည်း
တစ်​​ခေါက်​ နှစ်​​ခေါက်​ထပ်​ ပို မှာ မဟုတ်​ ။
နောက်​ပိုင်း တပည့်​လည်း သူ့ ကိစ္စနဲ့သူ
ဆရာလည်း ကိုယ့်​အလုပ်​နဲ့ကိုယ်​ ဖြစ်​သွား
ကြတတ်​သည်​ ။

အခု ကြ​တော့ ဖုန်း မဆက်​ တာ​တောင်
မုန်း က ဘာဖြစ်​လဲ ပူ ​နေ ရတာ
ဆရာတပည့်​ ထပ်​ ပို ပြီး
ညီအစ် စိတ်​ ဝင်​ သွားတာ.ဖြစ်​နိုင်​သည်​ ။

ဟို​ကောင်​​လေးကလည်း ပြန်​သွားပြီးကတည်းက
အကျိုး အ​ကြောင်း​လေး​တောင်​ ​ပြော​ဖော်​ မရ ။
ပျောက်​ချင်းမလှ​ပျောက်​​နေတာ ။

ဒါဆို ဆရာက စ ဆက်​သွယ်​ ရမည်​လား ။
မဖြစ်​​သေးပါ ။ အ​ကြောင်းကိစ္စမရှိ ဘဲ ဆက်​သွယ်​ဖို့
မဖြစ်​နိုင်​ ။ ဒါဆို ​တော့ ​နွေဦးဆီက ဆက်​သွယ်​လာမည်​ကို
စောင့်​​ရမည်​လား ။ ဘာ ဆိုင်​လို့လဲ ။

ဖုန်းကို ကိုင်​လိုက်​ချလိုက်​ နဲ့ ချီတုံချတုံ ဖြစ်​​နေတဲ့
မုန်း ကို ကြာလာ​တော့ သက်​ထား.တစ်​​ယောက်
အမြင်​ကတ်​လာသည်​ ။
ဘယ်​သူ့ဆီက ဖုန်း​မျှော်​​နေတာ မို့လို့
မျောက်​မီးခဲကိုင်​သလို ဖြစ်​​နေသည်​ မသိ ။

အမုန်းအဆုံးသတ်​Where stories live. Discover now