"13"

9.4K 607 13
                                    

အရင်​က ရုပ်​ရှင်​​တွေထဲမှာ ဝတ္ထု​တွေထဲမှာ ကြားခဲ့ ဖူး
ငွေ​တောင်​ကြီးပြို ကျ ပြီ ဆိုတဲ့စကား ။
အပူအပင်​ မကြုံခဲ့ရ​သော က​လေးတစ်​​ယောက်​ အဖို့
ထိုစကားက စာမျက်​နှာထက်​က စကားလုံးသာသာ။
အဓိပ္ပါယ်​ကို​တွေးကြည့်​ဖို့​နေ​နေသာသာ
ဦး​နှောက်​ထဲ ပင်​ မဝင်​ခဲ့​သော
စကားလုံး ။
ထိုစကားလုံးက အခု ကျွန်​​တော့ကို နှိပ်​စက်​​နေတယ်​။
မ​နေ့က ​မေ​မေ့ ဆီး အိမ်​ကို ​ဖောက်​ထုတ်​ပြီး
အ​ခြေ အ​နေကို ​စောင့်​ကြည့်​​နေ​သော်​လည်း.
တိုးတက်​မလာတဲ့အတွက်​ လက်​​လျှော့လိုက်​ပါပြီတဲ့ ။
အိမ်​ကိုပြန်​ကြိုချလို့ရပါပြီတဲ့ ။
အဲ့ဒီစကားကို ဆရာဝန်​ကြီး ကမထူးဆန်းစွာ
တည်​တည်​ငြိမ်​ငြိမ်​​ပြော​နေ​ပေမဲ့
နား​ထောင်​ရသူအဖို့ ရင်​ထဲမှာ ဗ​လောင်​ဆူ
ပူ​လောင်​လွန်းလှသည်​။
မ​ပြောကြပါနဲ့ ။ ​မေ​မေ့ကို လက်​လွှတ်​ရမယ်​ဆိုတဲ့ အသိ
ကျွန်​​တော့်​မှာမရှိ​သေးလို့ မ​ပြောကြပါနဲ့ ။

မေ​မေက ​လေသံထွက်​ရုံသာ​ပြောတယ်​။
အိမ်​ပြန်​ချင်​တယ်​တဲ့ ။ ကိုယ့်​​မွေးရပ်​​မြေမှာ ပြန်​ ​နေချင်
တဲ့ ပုံ ။ သူ့အ​ခြေအ​နေကိုနားလည်​​နေလို့လား ။
မေ​မေရယ်​​လေ ။ ​ဝေဒနာ ပြင်းပြ​နေ​ပေမဲ့ သားသမီး
တွေ​ရှေ့မှာ အပြုံးမပျက်​သွား ။ သူသာ ခံစားမယ်
သားနဲ့သမီးကို မခံစား​စေလို ။ မျက်​ရည်​ကျတာ
မမြင်​လိုဘူး.ထင်​ရဲ့။
မေ​မေဘာမှမဖြစ်​ဘူး.။.မငို ကြပါနဲ့ တဲ့ ။

မေ​မေ့ ဆန္ဒ အရ အိမ်​ကိုပြန်​ကြို ချဖို့ စီစဉ်​ရသည်​။ပရဟိတ
လူမှုဝန်​ထမ်းအဖွဲ့ က ​မော်​လမြိုင်​ထိ ပြန်ဖို့
ကားစီစဉ်​​ပေးသည်​။ မမက ​ဆေးရုံဆင်းလက်​မှတ်​ယူ
ဖို့ဆရာဝန်​ကြီးနဲ့ သွား​တွေ့ စဉ်​ ကျွန်​​တော်​က
ပြန်​ဖို့လိုအပ်​တာ​တွေ လုပ်​ရသည်​။

မနက်​က ​ဖေ​ဖေ့ဆီ ဖုန်းဆက်​အကျိုးအ​ကြောင်း​ပြောပြ
တော့ ဖုန်းထဲ က ​ဖေ​ဖေ အသံ မထွက်​လာ​တော့ ။
ရှိုက်​သံ တစ်​ချက်​သာ ထွက်​လာကာ
မေ့ကို ​​သက်​​တောင့်​သက်​သာ ပြန်​​ခေါ်ခဲ့ပါသားရယ်​တဲ့ ။
ဒါ ​လေး​ပြောပြီး ဖုန်းချသွား၏။ ကျွန်​​တော်​သိတယ်​။
ဖေ​ဖေ အံကြိတ်​ကာ ငိုချင်​စိတ်​ကိုထိန်းထားရမယ်
ဆိုတာ ။
မုန်း ဖုန်းကိုကိုင်​ကာ မျက်ရည်​ များစီးကျလာသည်​။
ငိုပါရ​စေ။ ​ယောကျာ်း ​လေး မာနကို မငဲ့ကွက်​ဘဲ
ငိုပါရ​စေ။

အမုန်းအဆုံးသတ်​Where stories live. Discover now