"17"

8.5K 553 12
                                    

နင်​ဟာကြိုးချင်းငြိဖို့
လမ်းပြသူပါ

credit. ​ဝေလ
..........................

နွေဦးတို့ စာ​မေးပွဲ ​ဖြေဖို့နီးလာသလို
မုန်းခန့်​ထည်​ ရဲ့ စာ​မေးပွဲ ကလည်း
ဖေ​ဖော်​ဝါရီ လအတွင်းထဲမှာမို့
စာ​မေးပွဲနားနီး​တော့ ​နွေဦးဆီမလာနိုင်​​တော့။

နွေဦးကိုအသစ်​ဂိုက်​ တစ်​​ယောက်​နဲ့ ပြန်​ချိတ်​​ပေးရပြီး
မုန်းခန့်​ထည်​က စာ​မေးပွဲ အတွက်
ပြင်​ဆင်​ရ​တော့သည်​။
Part 2စာ​မေးပွဲက အ​ရေးကြီးသည်​မို့
တတ်​နိုင်​သမျှ  ကြိုးစား ​နေရသည်​။

ဒီစာ​မေးပွဲပြီးရင်​မာစတာဆက်​တက်​လို့ရ​ပေမဲ့
နောက်​ထပ်​သုံးနှစ်​ဆက်​တက်​ ရ ဦးမှာဆိုရင်
အိမ်​ရဲ့စီးပွား​ရေးနဲ့အဆင်​မ​ပြေ။
အလုပ်​​စော​စောဝင်​ပြီးရင်​ အ​ဖေကို ပြန်​ကြည့်​​ပေး
ဖို့ စိတ်​ကူးထားသည်​။ မုန်းခန့်​ထည်​ဒီ​ကျောင်းတက်​ဖို့
အတွက်​ ​ဖေ​ဖေတို့တအား.ပင်​ပန်းခြဲ့ကတယ်​မဟုတ်​လား။

နွေ ဦး ကို စာ​မေးပွဲ မပြီးမချင်း သူ့ဆီကိုမလာဖို့ မုန်းခန့်​ထည်​တားထားရတယ်​ ။ အပြင်​လည်း​လျှောက်​မလည်​​နေဖို့
သတိ​ပေးရ​သေးတယ်​။

အရင်​ရက်​​တွေက အသစ်​​ခေါ်ထားတဲ့ဂိုက်​ဆရာကို
နားမလည်​ဟု ဆိုကာ မုန်းခန့်​ထည်​ဆီသို့ လာလာပြီး
စာမေးတတ်​သည်​။ ပြီးရင်​ ဟုတ်​တိပတ်​တိ စာလုပ်​တာ
မဟုတ်​ဘဲ စား​သောက်​အိပ်​လှိမ့်​ပြီး ပြန်​သွား
တတ်​လို့ ​နှစ်​​ယောက်​လုံး စာ​မေးပွဲ အ​ရေးကြီး​နေ
တဲ့အတွက်​ ​နောက်​မလာဖို့ သတိ​ပေးထားရတယ်​။

အဲ့ဒီအတွက်​ စာ​မေးပွဲ​တွေပြီးသွားရင်​ ခရီးတစ်​ခု
ထွက်​ပါ့မယ်​လို့ ကတိ​ပေးရ​သေးတယ်​ ။

'တူ.တူ.တူ.'
ဖုန်းအဝင်​​ကောလ်​ ကြည့်​လိုက်​​တော့ အသက်​ရှည်
ဦးမယ်​ ​မောင်​​နွေဦးမိုး ....

" ​ပြော "

" ဟီး ပျင်းလို့ "

" ထ က ​နေပါလား "

" ကိုမုန်းကလည်း ​ဖြေး​ဖြေး​ပေါ့ ကျွန်​​တော်
ခုပဲစာကျက်​ ပြီးတာ ပျင်း​နေလို့ပါဆို "

အမုန်းအဆုံးသတ်​Where stories live. Discover now