"5"(Zawgyi/Unicode)

13.8K 855 0
                                    

" မုန်း အတန်းချိန်​ပြီးရင်​ဘယ်​သွားစရာရှိလဲ "

" ကိုယ်​စာ သွားသင်​ရမယ်​ သဲ ဒါ​ပေမဲ့ ည​နေ ၆နာရီမှပါ သဲဘယ်​သွားစရာရှိ လို့လဲ "

" ​မေးကြည့်​တာ မုန်းရဲ့ အချိန်​အားရင်​ ဘုရားသွားမလားလို့ မသွားရတာကြာပြီ​လေ "

သဲစကား ကြား​တော့ သဲကိုတကယ်​အားနာမိသည်​ ။
ချစ်​သူ​တွေ​ပေမဲ့ အတူတူ ကြည်​နူးရမဲ့အချိန်​က ရှား သည်။
ဒါ​ပေမဲ့ သဲကိုအားနာပြုံး ​လေးသာ ပြုံးပြလိုက်​ရကာ

" ကိုယ်​တနင်္ဂ​နွေ တစ်​ရက်​​တော့အားတယ်​သဲ
အဲ့​နေ့ သွားရ​အောင်​​နော်​ "

" အင်းပါမုန်းရဲ့ သဲကိုအားမနာနဲ့ ခု​တောင်
သဲ ရဲ့ မုန်း​လေး.ပင်​ပန်း​နေပြီ စာလည်းကျက်​ရ အလုပ်​လည်းလုပ်​ရ​တော့ "

အဲလို ကျွန်​​တော့်​ချစ်​သူ​လေးက အလိုက်​သိတာ
နားလည်​မှုရှိ​ပေးတာ ၊အပြုံး ချိုချို​လေးနဲ့ နှစ်​သိမ့်​တတ်​တာ
ကျွန်​​တော်​ သဲကိုပြုံးရင်း​ငေး​နေ​တော့ သဲက ရှက်​ပြုံး​လေးပြုံးကာ

" ကဲ ကိုယ်​​တော်​​ချော အဲ့​လောက်​မကြည့်​​နေနဲ့ ကန်​တင်းမှာဆိုတာ သတိရဦး "

" သဲ က ကိုယ့်​ရဲ့ မဒီ​ဒေဝီ​လေး ပဲ ကိုယ်​​တော့ ကံ​ကောင်းတာပဲ​နေည်​ သဲကိုအဲ​လောက်​ ချစ်​ဖို့​ကောင်းပြီး လိမ္မာယဉ်​​ကျေး​အောင်​ ​မွေးထား​ပေးတဲ့ ကိုယ့်​​ယောက္ခမ​တွေကို ​ကျေးဇူးတင်​ တာ တကယ်​ "

ကျွန်​​တော့ စကားကိုကြား​​တော့ သဲ ကရှက်​ဝဲဝဲ​လေး
ပြုံး ကာ

" ​မော်​လမြိုင်​သားကြီး လည်းစကား​​တွေ တတ်​​နေတာကြည့်​စမ်း သူ့ကိုယ်​သူ ဆယ့်ခြောက်​နှစ်​ ထင်​​နေသလား
Romance ​တွေ လုပ်​​နေတာ ဟင်းဟင်း"

" ဟားဟား..."

ကြည်​နူးစရာ​ကောင်း​သော အချိန်​အခိုက်​အတန့်​​လေးပင်

သဲ က ကျွန်​​​တော့ကိုနားလည်​မှုအပြည့်​​ပေးသည်​။ စိတ်​ဆိုးစိတ်​​ကောက်​တာလည်း သိပ်​မရှိ ။ သဲအနား ​နေရလျှင်​ ကျွန်​​တော်​စိတ်​ချမ်းသာသည်​ ။ ကျွန်​​တော်​တို့နှစ်​​ယောက်​ က
လူအများ အမြင်​ကတ်​​လောက်​​အောင်​ မချစ်​ပြတတ်​ ကြ။
တစ်​​ယောက်ရဲ့ စိတ်​ ကို တစ်​​ယောက်​ နားလည်​ရင်​ ရပြီ ။
စကားနဲ့ ​ပြောပြစရာ မလို ​ပေ ။ တစ်​​ယောက်​အချစ်​ကို တစ်​​ယောက်​ သိသည်​ ။ စိတ်​ချင်း နားလည်​ကြသည်​ ။
ရန်​ဖြစ်​တာ​တွေ သဝန်​တိုတာ​တွေ သိပ်​မရှိ လို ။
ဒါ​ကြောင့်​ ကျွန်​​တော်​တို့နှစ်​​ယောက်​ ချစ်​သူသက်​တမ်း က
၅နှစ်​​ကျော်​မျှ ကြာခဲ့ သည်​ ။ သဲသည်​သာ ကျွန်​​တော့
မ​ဟေသီ ၊ကျွန်​​တော်​လက်​ထပ်​ရမည့်​သူပင်​ ။

အမုန်းအဆုံးသတ်​Where stories live. Discover now