Justin ရဲ့ဇွဲအတွက်​ အချစ်​ပြခန်း (U&Z)

8K 356 22
                                    

မိုင်ပေါင်းများစွာကွာဝေးတဲ့ ခရီးကို တစ်ယောက်တည်း လာခဲ့ ရတဲ့ အပြင် လာကြိုမဲ့ သူမ၇ှိတဲ့air port မှာ ငေါင်စင်းစင်းနဲ့ ဖြစ်နေရတဲ့ အဖြစ်ကြောင့် ဇွဲတမန်သည် စိတ်တွေ တိုထက်မက တိုလာခဲ့ ပြီ။

ဘာကြောင့် လာမကြို သည်လဲ မေးတော့ ကမ္ဘာ့ စီးပွားရေးတိုးတက်နှုန်း အဆင့်၎ နိုင်ငံက လာတဲ့ ဘာလင်မြို့သားက ကိုယ့်အားကိုယ်ကိုးပြီးလာရန်သာ ညွှန်ပြပေးလေသည်။ လိပ်စာကို သာ mail ပို့ပေးပြီး လေဆိပ်ရောက်လျှင် Taxi သမားကို မေးပြီး လာရန်နှင့် အကယ်၍ မတွေ့ ပါက GPS ကို အသုံးပြု ပြီးရှာဖွေရန် အမိန့်တော်ပါး ခဲ့သည်။

ဘယ်လိုပဲ ကိုယ့်နိုင်ငံမှာ ကြက်ဖတစ်ကောင်ဖြစ်ပါစေ ၊ ရေမြေခြားတဲ့ တိုင်းတစ်ပါးမှာ ကြက်မတစ်ကောင်သာဖြစ်သည်ကိုတော့ ဒီဂျာမနီသား နားလည်ဖို့ကောင်းသည်.။ လာရတဲ့ နေရာက အာရှတိုက် တွင်းလည်းမဟုတ် ။ ဥရောပ မြောက်ပိုင်းက တိုးတက်နေတဲ့ နိုင်ငံ တစ်ခု။

လေဆိပ် အဆောက်အဦးတွင်းမှ ပစ္စည်းများကို စောင့်ယူပြီးနှင့် ထွက်ခဲ့ လိုက်သည်။ အဆောက်အဦး အပြင် ရောက်သည်နှင့် တိုးဝင်လာတဲ့ အအေးဒဏ်က ရစ်ပတ် သိုင်းခြုံ သွားသည်။ ဒီရောက်ရင် အေးမယ်နော် အပေါ်ဝတ်ထူထူဝတ်လာဟူသော မှာစကားကို ပေါ့ပေါ့တန်တန် လုပ်ကာ လက်ရှည်ခပ်ပါးပါး ကိုသာ ၀တ်ဆင်လာပြီး အခုမှ အမှားရဲ့ ဒဏ်ကိုခံစားနေရပြီ။

မဆီမဆိုင်ပင် သူ့နိုင်ငံ သို့ အလည်ခေါ်သည့် Justin ကိုပဲ ပစ်ပစ်နှစ်နှစ် ကျိန်ဆဲလိုက်သည်။

ကျင့်သားမရသေးတဲ့ အအေးဒဏ်ကြားမှာရပ်နေလို့ လည်း အပို ဖြစ်သည်မို့ Taxi တစ်စီးကိုတား လိုက်သည် ။ သူပေးထားတဲ့ လိပ်စာကိုပြတော့ ခပ်လွယ်လွယ်ပင် သိနေသည်မို့ လေကုန်ရသက်သာသွားလေသည်။

ရောက်နေပြီဖြစ်ကြောင်းကို message ပို့ရန် လိုင်းက တိုင်ပျောက်နေချေပြီ ။

"အား shit !"

Taxi သမားက လှည့်ကြည့်သည်။

"Sorry "

အဆင်မပြေ လာသမျှတော့ ဒီလူကြီးကိုတွေ့ မှ
ဒေါသ​တွေ ပုံချရတော့မည်။

အမုန်းအဆုံးသတ်​Where stories live. Discover now