"47"

10.2K 599 36
                                    

ညသန်းခေါင်မှာတတူတူဝင်လာတဲ့ဖုန်းသံကစိတ်အနှောက်အယှက်ဖြစ်စွာမြည်နေ၏။မကိုင်မချင်းထအော်နေမည့်ပုံမို့စိတ်မရှည်စွာကောက်ကိုင်လိုက်ရ၏။အချိန်​က
ို ကြည့်​​တော့ ညတစ်​နာရီ​ကျော်​ ​နေပြီ ။

"ဟဲလိုအမိန့်ရှိပါ နွေဦးမိုးပါ"

"ဟဲလို ကြားရလားခင်ဗျ ဒီမှာ လူတစ်​​ယောက်​လဲကျ ​နေ
လို့ သူဖုန်းထဲမှာ​တွေ့တဲ့နံပါတ်​ကို ​ခေါ်လိုက်​တာပါ
လူနာရှင်​ အ​နေနဲ့အတည်​ပြုဖို့ တစ်ချက်​​လောက်​လာ
ခဲ့​ပေးလို့ရမလားခင်​ဗျ"

ဘယ်သူများပါလိမ့်။ဒီမြို့မှာနွေဦးကိုသိတဲ့လူခပ်ရှားရှားရယ်
ဖုန်းနံပါတ်​က​ရော ဘယ်​က ရသလဲ။

"အဲ့ဒီကလူရဲ့ပုံစံကိုပြောပြပေးလို့ရနိုင်မလား "

လေသံပြတ်​​တောင်းပြတ်​​တောင်း ဖြစ်​သွားပြီးမှ
တစ်​ဖက်​က လူရဲ့ ပြန်​​ဖြေ သံကို ကြားရ၏။

" အရပ်​မြင့်​မြင့်​ အသားဖြူ ဖြူ ပါ ​​အော်​ နဖူးမှာ လည်း
ပတ်​တီးနဲ့ ခင်​ဗျ "

" ဟင်​ "

ထိုလူ ​ပြောပုံအရဆိုရင်​ မုန်းခန့်​ထည်​ ပဲ ။

" အဲ့ဒါ ဆို တခြားဖုန်းကို ဆက်​ကြည့်​ပါလား
ကျွန်​​တော်​လာရတာ အဆင်​မ​ပြေလို့ ပါ "

" တခြားဖုန်းနံပါတ်​မ​တွေ့ ဘူး ခင်​ဗျ ဒီက လူကြီးမင်း
နံပါတ်​ပဲ မှတ်​ထားတာ​တွေ့ လို့ပါ "

ပူ​နွေး​သော မြစ်​တစ်​ခု ရင်​ဘတ်​ထဲ စီးဆင်းသွား၏။
လက်​သင့်​မခံချင်​​သော ခံစားချက်​တစ်​ခုကို
စိတ်​အလို မကျခြင်း ဟုသာ ​ခေါင်းစဉ်​ ​ပြောင်းလဲ
ပစ်​လိုက်​၏။

" ကျွန်​​တော်​ လာခဲ့ပါ့မယ်​ ​နေရာ ​လေး​ပြောပြ ​ပေးပါ "

တစ်​ဖက်​က လူက ပုဂ္ဂလိက ​ဆေးရူံတစ်​ခုရဲ့ နံမည်
ကို ရွတ်​ပြ၏။

"Ok okကျွန်​​တော်​လာခဲ့ ပါ့မယ်​ "

ညအိပ်​ဝတ်​စုံကို မလဲ လှယ်​နိုင်​ ။ ဆိုင်​ကယ်​​သော့ယူ
ကာ ထွက်​ခဲ့ရသည်​ ။ ထိုလူ​ပြောပုံအရဆို မုန်းခန့်​ထည်
အိမ်​မပြန်​​သေးဘဲ တစ်​​နေရာရာမှာ ထိုင်​​နေတာ
ဖြစ်​နိုင်​သည်​။ သူတို့က ​မေ့လဲ​နေတာ​တွေ့ လို့
ဆေးရုံ တင်​ထား​ပေးတာတဲ့ ။

အမုန်းအဆုံးသတ်​Where stories live. Discover now