" 37"

9.7K 606 36
                                    


မ​နေ့က ခဏ​လေးပဲ ဟုဆိုကာ အပြင်​ထွက်​သွား 
သော Spring သည်​ မိုးချုပ်​ သည်​ အထိ
ပြန်​ မ​ရောက်​လာခဲ့ ။
မနက်​ အ​စော ကြီး မလင်း မချင်း အချိန်​ တွင်​မှ
ခွေယိုင်​လဲ ကျ​တော့မည့်​လူလို ပြန်​​ရောက်​လာခဲ့သည်​။

တံခါး ဝမှာ တင်​ ပစ်​လဲ ကျကာနီး အထိ ဖြစ်​​နေ​သော
Spring သည်​ အိမ်​ထဲသို့​ခြေ တစ်​လှမ်းလှမ်းဖို့ 
တောင်​ အားမရှိ​တော့ သလို ဖြစ်​​နေတာ ​တောင်
အိမ်​ကို ဘယ်​လိုပုံ ဘယ်​လို နည်းနဲ့ 
ရောက်​လာခဲ့သလဲ ။

အဝတ်​အစားများ ဖရိုဖရဲ ဖြစ်​​နေသည်​ က
မြင်​မ​ကောင်းစွာ။
မျက်​လုံးများ မို့အစ်​ပြည့်​​ဖောင်း​နေသည်​ က
ငို ထားသည်​ကို သက်​​သေပြ​နေ၏။

မ​နေ့က Spring မိုးချုပ်​ သည်​အထိ ပြန်​မလာ
သေး​တော့ ​နွေဦး ဆီ်​ ည​နေကဖုန်းဆက်​ လာခဲ့တဲ့
သဲ ဆို​သော ဆရာဝန်​ မ​လေးထံ
ဖုန်း ပြန်​ဆက်​ကြည့်​ ​တော့
အကျိုးအ​ကြောင်းအနည်းငယ်​ သိခဲ့ရသည်​ ။
သူမ အကူအညီ​တောင်းလိုက်​၍ ​Spring
သည်​ မုန်းခန့်​ထည်​ ဆီ သွားခဲ့ ခြင်းသာ ။

မ​နေ့က အ​ကောင်းပကတိ ထွက်​သွား​သော
ကောင်​​လေးက ဒီ ​နေ့ မနက်​ မှာ
ဒီလိုပြိုပျက်​​နေတဲ့ ပုံနဲ့ပြန်​​ရောက်​လာကတည်းက
မုန်းခန့်​ထည်​နဲ့ တစ်​ခုခုဖြစ်​ခဲ့ပြီဆိုတာ
ဇွဲတမန်​သိ လိုက်​ပြီ ။

ဘာဖြစ်​လာတာလဲ ၊ဘာ ဖြစ်​ခဲ့တာလဲ ​မေး​နေတဲ့
သူ့ကို အ​ရေးမစိုက်​နိုင်​အား။
အိမ်​ထဲသို့ ယိုင်​နဲ့ ​နေတဲ့ ​ခြေ လှမ်းနဲ့ လှမ်းဝင်​လာတယ်​။ ​ခြေ လှမ်းနှစ်​လှမ်းပင်​ မပြည့်​​သေး ။
အ​ရှေ့ကို ဘုန်းကနဲပစ်​လဲ ကျမလို
ဖြစ်​ သွားတာမို့ ဇွဲတမန်​ ဖမ်းထိန်း လိုက်​ရ၏။
ချိုင်း က​နေ အသာ တွဲ ကာ ဆိုဖာ ​ပေါ်မှာ
ထိုင်​​စေသည်​အထိ ခံစား ချက်​ကင်းမဲ့​နေ​သော
မျက်​နှာ ​သေ ဖြင့်​ ။

ဇွဲတမန်​ စိတ်​ပူ​လောင်​လာ ကာ ​နွေဦး ပုခုံး ကို
ပုတ်​ကာ ပုတ်​ကာဖြင့်​ အသည်း အသန်​ ​မေး​တော့၏။

" Spring ဘာဖြစ်​ခဲ့တာ လဲ ကိုယ့်​ ကို ​ပြောပြ
မင်း ကို ဟိုဆရာဝန်​ ဘာလုပ်​လိုက်​လဲ မင်း မ​နေ့က
သူ့ဆီသွားတာ ကိုယ်​သိတယ်​ "

အမုန်းအဆုံးသတ်​Where stories live. Discover now