"20"

9.8K 621 41
                                    


မနက်​ အ​စော
စကား​ပြောသံ​တွေနဲ့
မှာတမ်း​ခြွေသံ​တွေ မုန်းခန့်​ထည်​တို့တစ်​အိမ်​လုံး
ဆူညံ​နေ၏ ။ဘာအ​ကြောင်းအရာ
လဲဆို​ သည်​မှာ​တော့ ​နွေဦးကို
ကျိုက္ခမီ စက်​စဲ လိုက်​ပို့မည့်
အတွက်​ မသက်​ထားရဲ့
မှာတမ်းတစ်​ပုံ ​အောက်​မှာ
မုန်းခန့်​ထည်​အလူးအလိမ့်
ပုတ်​သင်​ညို လုပ်​​နေရသည်​​ပေါ့ ။

မသက်​ထားမှာ​နေတာက
မုန်းခန့်​ထည်​အတွက်​​တော့မဟုတ်​ချေ။
သူ့ရဲ့ ဝမ်းမနာ​မောင်​​လေး
စိန်​​နွေဦးအတွက်​ပါ။

ဆိုင်​ကယ်​နဲ့သွားကြမှာဖြစ်​တဲ့အတွက်
ဖြေး​ဖြေး​မောင်းသွားဖို့ နဲ့
လက်​ရှည်​အထူ ​တွေဝတ်​သွားဖို့ ။
ကမ်း​ခြေ ​ရောက်​ရင်
က​လေးကို ​ရေနက်​ထဲ ​ပေးမဆင်းရန်​ရယ်
သေချာဂရုစိုက်​ ပြီးပြန်​​ခေါ်ခဲ့ရန်​ကို
ထပ်​ကာတလဲလဲ မှာ​နေ​လေသည်​။

ရောက်​တဲ့ တစ်​ညနဲ့ တစ်​မနက်​အတွင်း မှာ
အဲ့ဒီ​လောက်​အချစ်​ခံ ​နေရတဲ့ ထိုလူသား​လေးပါ။
မမကလည်း သူ့ရဲ့ ဆယ်​ဘဝက
ဆွေ​တော်​မျိုး​တော်​​ တွေ့တဲ့အလား...
သူ့ထက်​လည်း ၁၅နှစ်​​လောက်​ငယ်​တဲ့
ထိုလူသား​လေးကို
သဲသဲတုန်​​နေတာ က
မျက်​နှာမြင်​ချစ်​ခင်​​စေဆိုတဲ့
ဆု​တောင်း ပြည့်​ခဲ့သည်​ထင်​၏။

မုန်းခန့်​ထည်​ က​တော့ မမ ဘာ​ပြော​နေ​နေ
ခေါင်းငြိမ့်​​နေ​ပေမဲ့
မျက်​လုံးအကြည့်​နဲ့
လက်​က​တော့
သူ့​ရဲ့ ​ဝေးကွာ​နေတာ ကြာပြီဖြစ်​တဲ့
ဘေဘီ​လေး "i "ကြီး
ဆီက မခွာ ။ လက်​က​လေးနဲ့ ဖွဖွ ပွတ်​လိုက်
ဖုန်​​တွေကို ​လေက​လေးနဲ့ မှုတ်​လိုက်
ပြောင်​​နေပြီးသား back မှန်​နဲ့ ဆိုင်​ကယ်​​ခေါင်းကို
တကျိကျိ မြည်​​အောင်​ ထိ ပွတ်​တိုက်​​နေ​သေးသည်​ ။

"ဟဲ့ ငယ်​​လေး.မမ​ပြောတာကြားလား."

သက်​ထား က​ပြောလည်း​ပြော ရင်း
မုန်းခန့်​ထည်​ နားရွက်​ကိုပါ ခပ်​ဖွဖွ လိမ်​​ဆွဲ​တော့
အား ကနဲ ထ​အော်​၏။
နီရဲသွား​သော နားရွက်​ဖျားကို
လက်​နဲ့ ပွတ်​​ချေ.ရင်းဖြင့်

အမုန်းအဆုံးသတ်​Where stories live. Discover now