"44"

10.2K 658 43
                                    

" ပြီး​တော့ ကိုယ်​တို့ည​ကလေးအတွက်​ညီ့ကို
တာဝန်​ယူ​ရဦးမှာ "

လေတိုးသံ​လောက်​သာ ဖြစ်​​ပေမဲ့ ဝုန်းကနဲ
တိုးဝင်​လာတဲ့ စကားလုံး က ​နွေဦးကို အလန့်​တကြား
ဖြစ်​​စေသည်​။ ပြန်​မ​တွေးချင်​​တော့ တဲ့ ကိစ္စတစ်​ခုကို
ကြားလိုက်​ရ​သော​ကြောင့်​ အနားတိုးကပ်​​နေတဲ့ ရင်​ဘတ်
ကို​ဆောင့်​တွန်းမိသည်​။

နားနားကပ်​ကာ ​ပြော​နေတဲ့မုန်းခန့်​ထည်​ သည်
အနည်းငယ်​ ဖျား​နေ​သေး​သော​ကောင်​​လေး၏
ဆောင့်​တွန်းမှု​ကြောင့်​ မပြုတ်​ကျသွား​ပေမဲ့
နောက်​သို့​ခြေ နှစ်​လှမ်းစာ​လောက်​ ဆုတ်​သွားရ၏။

ခွပ်​ !

ထိုးချလိုက်​တဲ့အရှိန်​ကသိပ်​မ​သေးလှ။
ထွက်​​နေတဲ့​ဒေါသ​တွေကို လက်​သီး​ပေါ် စုပုံချလိုက်​တယ်
ထင်​ရသည်​။ နာကျင်​သွားတဲ့ ပါး​စောင်​ တစ်​ဖက်​ကို
ကိုင်​ရင်း ​နွေဦးကိုပြုံးကြည့်​​နေပြန်​၏။ အရာရာကို
ခွင့်​လွှတ်​​ပေး​နေပါတယ်​ဆိုတဲ့အပြုံး မျိုး။

" ခင်​ဗျား အဲ့ဒီအ​ကြောင်းကိုလေသံနဲ့​တောင်​မဟနဲ့
တာဝန်​ယူမှု​တွေ တာဝန်​ခံမှု​တွေလည်း မလိုဘူး
ကျုပ်​က ​ယောကျာ်း​လေးတစ်​​ယောက်​ဖြစ်​တဲ့
အတွက်​ ခင်​ဗျား စိတ်​ပူ​ပေးစရာ မလိုဘူး
အခုကျုပ်​အိမ်​က ထွက်​သွားလိုက်​​တော့ "

နီရဲတက်​လာတဲ့ပါးပြင်​နှစ်​ဖက်​က ​ဒေါသ​ကြောင့်​လား?
ရှက်​​သွားတာလား မသဲကွဲ​သော်​လည်း မုန်းခန့်​ထည်
မျက်​လုံးထဲမှာ​တော့ အရမ်း ချစ်​စရာ​ကောင်း​နေသည်​။

သူထွက်​သွားခိုင်းသလို ​တော့ ကျွန်​​တော်​မထွက်​သွား
နိုင်​ ။ ဒီမှာ ​နေဖို့ ​တွေးလိုက်​ကတည်းက ​နောက်​ပြန်
လှည့်​ဖို့မဟုတ်​ ။မနက်​လင်းလင်းခြင်း ရရာ​ကောက်
်​ထည့်​ကာ ဘာကိုဘာမှ မစဉ်းစားနိုင်​ဘဲ အထုပ်​ဆွဲ
ထွက်​လာခြင်းက သူ့ကို ​နောက်​တစ်​ကြိမ်​ လက်​လွှတ်
လိုက်​ရမှာ ​ကြောက်​လို့ ။ မျက်​စိ​ရှေ့မှာ မြင်​​နေရက်
သားနဲ့ မမြင်​ချင်​​ယောင်​​ဆောင်​ပြီး မ​နေနိုင်​ပါ။
နောက်​တစ်​ဖန်​ကြိုးစားခွင့်​အတွက်​ အခွင့်​အ​ရေးရှိတယ်
ထင်မိသည်​။ အခုမှပဲဆယ်​​ကျော်​သက်​တစ်​​ယောက်​လို
အချစ်​မှာ ရူးနှမ်း ချင်​​နေ၏။
လက်​လွှတ်​လိုက်​ရမှာ ​ကြောက်​သည့်​စိတ်​က ကြီးစိုး
နေတာမို့ အခြားအရာ​တွေကို မ​တွေးနိုင်​​လောက်
အောင်​ ဖြစ်​​နေသည်​ကို ကိုယ့်​ကိုယ်​ကို သိသည်​။
အိမ်​ကမိသားစု ​မိတ်​​ဆွေတွေ ​ပြောကြမှာကို ​​မေ့ထား
ပြီး ယခုအချိန်​မှာ သူ့ကို ဖမ်းဆုပ်​ထားဖို့ သာ
အ​တွေးထဲ​ရောက်​​နေ၏။

အမုန်းအဆုံးသတ်​Where stories live. Discover now