"34-1 "

9.1K 620 36
                                    


ဖုန်း လာ ​နေသံ ကို ​ရေချိုးခန်းထဲမှ ကြားလိုက်​ရသည်​ ။
ကို ဇွဲ ရှိ​နေတာပဲ ဟု သိ၍
စိမ်​​ပြေန​ပြေ ​ရေဆက်​ချိုး.​နေလိုက်​သည်​ ။

ရေချိုး ခန်းထဲ က ထွက်​လာ​တော့ ကိုဇွဲ က
အကြည့်​ တစ်​မျိုး နဲ့ ကြည့်​ ​နေ​၏။ ကိုယ့်​ ကိုယ်​ကို
မလုံ မလဲ ဖြစ်​ကာ ဟိုငုံ့ ကြည့်​ ဒီငုံ့ ကြည့်​ လုပ်ပြီးမှ

" ဘာဖြစ်​လို့ လဲ ကိုဇွဲ ဘာမှား​နေလို့လဲ "

ပြောလိုက်​ကာ မှ မျက်​နှာ ပြန်​လွှဲသွား ပြန်​ သည်​ ။
သူ့ကြည့်​ ရတာ တစ်​ခုခု ကို မ​ပြော ချင်​ ဘဲ
စိတ်​ပျက်​သလိုပုံ​ပေါ်​နေ၏ ။

" ဘာမှမဟုတ်​ဘူး အဝတ်​အစား မြန်​မြန်​သွား ဝတ်
ခန​နေရင်​ တစ်​​ယောက်​ ​ယောက်​ ​ရောက်​လာလိမ့်​မယ်​"

" ဟင်​ ဘယ်​သူ "

ရေစက်​​တွေ တွဲလဲ ခို ​နေ​သေးတဲ့ အ​ပေါ်ပိုင်း ဗလာကျင်း
ခန္ဓာ ကိုယ်​ က ​အောက်​မှာ​ရေလဲ လုံ ချည်​သာ ဝတ်​ထား
တော့ ဇွဲတမန်​ ဆက်​မကြည့်​နိုင်​​တော့
အဝတ်​အစား မြန်​မြန်
ဝတ်​ဖို့ကိုသာ တိုက်​တွန်း ပြီး အထဲကို တွန်းလွှတ်
တော့ ၏။

" သွားမှာပါဗျ ဘယ်​လို ဖြစ်​​နေတာလဲ ကိုဇွဲရ "

ဒေါက်

"အ "

ဒေါက်​ကနဲ ​ရောက်​လာတဲ့ လက်​က ​နွေဦး​ခေါင်းကို
ခေါက်​ပြီး ​နေပြီ ။
နာသွား​သော ​ခေါင်းကို ပွတ်​​ချေ ​နေတဲ့ ​နွေဦး ကို
ဇွဲတမန်​ က ခပ်​ ​ရွဲ့ ရွဲ့ ကြည့်​ကာ

" လူကြီးကို ပြန်​ ​ပြော ​နေတယ်​အလိုလိုက်​ပြီး ပြုစု
ထား ​တော့ ​ရောင့်​ တက်​​နေတယ်​​ပေါ့ ​လေ "

" အာ ကိုဇွဲ ကို အရင်​က​ရော အခု ​ရော ​ကြောက်
ပါတယ်​ဗျာ မ​ရောင့်​တက်​ပါဘူး "

ဇွဲတမန်​ က တံခါး.​ဘောင်​ကို လက်​ပိုက်​ပြီးမှီလိုက်​ကာ
ဟွန့်​ ကနဲမဲ့ ၏ ။

" ကိုယ်​က မင်းလူကြီးလို မင်းဆိုးတာကို ပြုံးကြည့်​ ပြီး
ခေါင်း ကဆံပင်​​လေး ကို ခပ်​ဖွဖွ ပွတ်​​ပေး​နေမှာ
မဟုတ်​ဘူး ​နော်​ "

အမုန်းအဆုံးသတ်​Where stories live. Discover now