"19"

8.7K 610 12
                                    

ကားဝင်းကြီးထဲ ကားဆိုက်​​ရောက်​ ချိန်​က ည​နေ​စောင်း
နေပြီ။ ကား​ပေါ်ကဆင်းတာနဲ့
လူ​ခေါ်​နေ​သော တက္ကစီ သမားများနဲ့
လှုပ်​ရှား​နေ​သော လူထု ကြီး များက မျက်​စိ ​နောက်
လောက်​​အောင်​ ရှိ​နေကြသည်​။
မုန်းခန့်​ထည်​ နဲ့​နွေဦးတို့နှစ်​​ယောက်​သည်​​ကား​ပေါ်က
ဆင်းလာ​တော့ တက္ကစီသမားနှစ်​​​ယောက်
သုံး​ယောက်​​လောက်​ခန့်​ အနားတိုးလာကာ
လူ​ခေါ်​နေ၏ ။
စိတ်​ရှုပ်​​နေပုံရ​သော ​နွေဦး​ကြောင့်
ကားငှါးရန်​သာ ဆုံးဖြတ်​လိုက်​သည်​ ။

မော်​လမြိုင်​မှာက ရန်​ကုန်​လို ကားတက္ကစီ
တွေမရှိ ။ ဆိုင်​ကယ်​ တက္ကစီ​တွေသာရှိသည်​ ။
ကားငှါးချင်​ရင်​ သုံးဘီး.ကားများနဲ့
ဟိုက်​ဂျက်​ သို့မဟုတ်​ ဟိုင်းလတ်​ ကား
များသာရှိ၏။
ထို့​ကြောင့်​ ပစ္စည်းများလည်း တင်​လို့ဆန့်​​အောင်
ဟိုင်းဂျက်​ ကားသာငှါးလိုက်​၏။

အထုပ်​​တွေကား​ပေါ်တင်​ပြီး​တော့
ကားဝင်းထဲ က စထွက်​ ခဲ့ သည်​။
နှစ်​​ယောက်​လုံးကကား​နောက်​ပိုင်းမှာ
ထိုင်​ လိုက်​လာပြီး
မုန်းခန့်​ထည်​ က ​နွေဦးကို လမ်း​တွေ
နာမည်​​တွေ ပြောပြ​နေ၏။
နွေဦး ​ပျော်​မ​ပျော်​​တော့မသိ ပါ။
မုန်းခန့်​ထည်​ စိတ်​ထဲ​တွင်​ တော့အ​တော်​​ပျော်​​နေ၏။

ကာလရှည်​ကြာ ​ကျောင်းသွားတက်​ခဲ့ရသူအဖို့
ကိုယ့်​အိမ်​ကိုယ့်​ယာ ကိုယ့်​ဇာတိကို ပြန်​လာရတာ
ဘယ်​​လောက်​ ကြည်​နူးဖို့​ကောင်းလဲ ။

လတ်​ဆတ်​စွာတိုက်​ခတ်​လာ​သော
လေနု​အေး​တွေ​တောင်
ရန်​ကုန်​နဲ့မတူ ခြားနားစွာ
အေးမြ​နေသလို ။

ပြောင်းလဲလာ​သော တိုက်​တာ
အိမ်​ရာများနဲ့ ဟိုတယ်​များက
ယခင်​က မြင်​ကွင်း​တွေ​နေရာမှာ
အစားထိုးဝင်​​ရောက်​​နေ၏ ။

လမ်းများလည်း​ကောင်းလာ
ကာ​ဖြောင့်​ဖြူး​နေ၏ ။
ကိုယ့်​မြို့အ​ခြေ အ​နေတိုးတက်​ လာတာ
မြင်​ရတာ ​ကျေနပ်​ဖွယ်​အတိ ။
ဘေးနားက ကိုယ်​​ရွှေ ရန်​ကုန်​သားက
တော့ ​နယ်​မြို့​လေးကို ​ငေး​မော.
နေကာစိတ်​ထဲ တွင်​ မည်​သို့ ​တွေး​နေမည်​မသိ။

အမုန်းအဆုံးသတ်​Where stories live. Discover now