"49"

11.4K 668 45
                                    

မထင်မှတ်ပဲရောက်လာတယ်
မသိခင်မှာ ပြန်သွားခဲ့တယ်...
မှုန်ရီလို့သွားမှပဲ.....

သူ့ရဲ့ခြေရာကိုရိပ်စားမိ
အဖြေကိုရှာကြည့်ခဲ့......

လေပြည်ရယ် မင်းသိပ် တတ်နိုင်တယ် .......

**********အချစ်သည်​********

အချစ်သည်လေပြေတဲ့

ကျွန်တော်ငယ်ငယ်ကကြားခဲ့ဖူးသော ဇော်ဝင်းထွဋ်ရဲ့
သီချင်းကောင်းလေးတစ်ပုဒ်။

အခုတလောသီချင်းဆိုပြိုင်ပွဲတွေမှာကြားနေရတတ်တဲ့ထို
သီချင်းကိုနှုတ်ဖျားထက်မှာမကြာခဏစွဲမြဲစွာဆိုတတ်နေခဲ့၏။
သိပ်ကိုအနှစ်သာရ ပြည့်တဲ့ သီချင်းပေါ့
အချစ်ရဲ့ အကြောင်းကို နူးနူးညံ့ညံ့လေးဖွဲ့ဆိုထားတာ

ထိုစာသားထဲကအတိုင်း ကျွန်တော့်ရဲ့လေပြည်လေးက
 ခန့်မှန်းဖမ်းဆုပ်ရခက်သော လေပြေလေး။
ထင်မှတ်မထားတဲ့အချိန်မှာရောက်လာပြီး မသိခင်မှာပဲ
ထိုးလျှိုးပျောက်ကွယ်သွားခဲ့တယ်။

လိုက်ရင်ပြေးတတ်တဲ့ လူ့သဘာဝအရ ကျွန်တော်ဟာ
မသိသလိုဟန်ဆောင်ပြီးးပြေးနေခဲ့ပါတယ်
တန်ဖိုးသိလာတဲ့အချိန်မှာ ကျွန်တော် ရပ်စောင့်နေရင်
တောင်မှ သူဟာ ကျွန်တော့်ကို ကျောခိုင်း လို့ နေနေပါတော့တယ်။

ညဘက်​ က အဖြစ်​အပျက်​ ​တွေ​ကြောင့်​ ညတွင်းချင်း
အပြင်​ထွက်​သွား တဲ့ ​ကောင်​​လေးဟာ မိုးချင်းချင်း
လင်းသည်​အထိ အိမ်​ပြန်​​ရောက်​မလာ ခဲ့ ပါ။
စိတ်​​တွေပူကာ ဖုန်းဆက်​မည်​လုပ်​​ပေမဲ့ အ​နှောင့်​အယှက်
ပေးမိမှာ စိုး၍ သိချင်​စိတ်​ကို အခါခါ သတ်​ပြီး ​နေ​နေရ​လေ၏။

ထို​ကောင်​​လေး မရှိ​သော အိမ်​တံခါးကို ​သော့ပိတ်​ကာ
ကိုယ့်​အိမ်​ကို တစ်​ချက်​ ပြန်​ဖို့ လုပ်​ရသည်​။
မမ က မနက်​က ပြန်​လာဖို့ ​ပြော ​နေ၍ မျက်​နှာ​လေး
တစ်​ချက်​ သွားပြပြီး ဒီကို ပြန်​လာရန်​ စီစဉ်​ထားသည်​။

ဆိုင်​ကယ်​ကို အသာ​လေး ​မောင်းနှင်​ခဲ့ရင်း လမ်း​ဘေး
ဝဲယာကိုလည်း မျက်​စိကစားရ​သေးတယ်​။
နွေဦး ကိုများ.​တွေ့ လို ​တွေ့ ငြား ။ မုန်းခန့်​ထည်
ရဲ့ ညက အပြု အမူ များသည်​ လွန်​သည်​ဟု
ထင်​ရ​သော်​လည်းလွမ်း​နေရတာကို ​ချေဖျက်​ဖို့
ထိုမျှ​လောက်​​လေးက မုန်းခန့်​ထည်​ အတွက်​​တော့မလွန်​။
နယ်​ကျွံ​ချင်​​နေ​သောစိတ်​ကို ပြန်​လည
်​ ရုတ်​သိမ်းခဲ့ရ​ခြင်းကမြင်းအ​ကောင်​ ​ရေ
တစ်​ရာ ​လောက်​ ထိန်းရတာထက်​ ပိုခက်​ ခဲ့၏။

အမုန်းအဆုံးသတ်​Tempat cerita menjadi hidup. Temukan sekarang