"18"
8.5K 593 23
ခရီးစဉ်​တစ်​​လျှောက်​လုံးအိပ်​​ပျော်​လာရာ
ဘီးလင်းနား​ရောက်​ကာနီးမှ မုန်းခန့်ထည်
နိုးလာ တယ်​ ။
ဘေးနားက ​နွေဦးကို ကြည့်​​တော့
အိပ်​လို့​ကောင်းဆဲ
နားကြပ်​ကြီး လည်း နားမှာ တပ်​ မြဲ
ခေါင်းကို ပြတင်း​ပေါက်​မှန်​ ဘက်​​စောင်းငဲ့
ကာ ကားစထွက်​ထဲကအတိုင်း
တုတ်​တုတ်​မျှမလှုပ်​အိပ်​​ပျော်​​နေတယ်​ထင်​တယ်
ဇာတ်​ လွဲသွားမှာ.စိုး၍
မုန်းပုခုံး​ပေါ် ​ပေးမှီထားလိုက်​သည်​။
နားကြပ်​ကြာကြာတပ်​ထားရင်
နားထိခိုက်​မှာစိုးလို့ ဖြုတ်​ပြီး သီချင်းကိုပိတ်
မုန်ခန့်ထည်​ရဲ့အိတ်​ထဲပဲ ​ဖုန်း​ရောနားကြပ်​​ရော
ထည့်​ထား​ပေး လိုက်​သည်​။
နွေရာသီ​ဖြစ်​​နေ​ပေမဲ့ VIPကားမို့ အဲကွန်းက
အေး​နေ​အောင်​ဖွင့်​ထားသည်။
မုန်း ခန့်ထည်​အောက်​​လျှောကျ​နေ​သော​စောင်​ကို.
ကောက်​ယူကာနွေဦး ပုခုံး​ပေါ်ထိ
နေရာလပ်​မကျန်​​အောင်
ထုပ်​ ပြီးခြုံထား ​​ပေး ၏။
အားလုံးပြီးသွား​တော့ မှ
ကိုယ့်​ ခုံ​ပေါ် ​ခေါင်းမှီကာ
ဟိုဘက်​ခြမ်းက ပြတင်း​ပေါက်​ ဘက်​ကို
အမှတ်​မထင်​ အကြည့်​​ရောက်​ ​တော့
ကောင်​မ​လေးနှစ်​​ယောက်​ က ဒီဘက်​ကိုကြည့်​ပြီး
အချင်းချင်း လက်​တို့​နေရာက​နေ
မုန်းခန့်ထည်လည်း ​မျက်​နှာလှည့်​လာ​ရော
အသီးသီး ​ခေါင်း​လေး​တွေငုံ့ သွားကြ၏။
ဖုန်းကို ကြည့်​​နေပြီး ပြုံးစိစိနဲ့
ဒီဘက်​ကို မျက်​စိကစားလိုက်
အချင်းချင်း တွတ်​ထိုးလိုက်​နဲ့ ။
ဘာလဲ ဒီက​လေးမ​လေး​တွေ
နွေဦးကို ​ကြည့်​​နေတာလား။
ဖုန်းနဲ့ပဲ ဓာတ်​ပုံရိုက်​​နေတာလား ။
မုန်းခန့်ထည်​တွေ့ ရသ​လောက်
ဒီဘက်​ပဲလှည့်​ပြီး နှစ်​​ယောက်​သား
တီးတိုး​ပြော​နေကြတာ တစ်​ခါမဟုတ်​ ။
အခါခါ ။
တစ်​​ခေါက်​ဆိုတိုက်​ဆိုင်​တာ
ဒီထက်​ပိုသွားရင်​ တမင်​သက်​သက်​ လုပ်​တာ
ဖြစ်​သွားပြီ။
ဒီ​ခေတ်​က​လေး​တွေမလွယ်​ပါလား။
ယောကျာ်း​လေး နှစ်​​ယောက်​ ကိုများ ကြည့်​​နေတာ က
ရဲရဲတင်းတင်း။
တစ်​ချက်​တစ်​ချက်​ ပြတင်း​ပေါက်​ နဲ့ကပ်​ရပ်
ကောင်​မ​လေး ဆိုရင် ခါးကို အနည်းငယ်​ကုန်းကာ
နွေဦးကို ​ကျော်​ကြည့်​​နေ​သေး တယ်။
ပြီး​တော့ သူ့​ဘေးက ​ကောင်​မ​လေးကို လက်​တို့ပြီး
ရယ်​​နေပြန်​တယ်​ ။
ရဲတင်းလိုက်​ကြတာ။
အမုန်းအဆုံးသတ်​Where stories live. Discover now