"53" Final (Zawgyi/Unicode)

16.7K 669 53
                                    


ဧည့်​ခန်းထဲမှာ ထိုင်​​နေတဲ့ နှစ်​​ယောက်​ကို
ဇွဲတမန်​စူးစိုက်​ကြည့်​ ​နေသည်​ ။ ငြိမ်​သက်​စွာ
ထိုင်​​နေ​သော်​ငြား စိတ်​ အ​တွေး ​တွေက မိုင်​​ထောင်​​ပေါင်း
များစွာကို နယ်​လှည့်​​နေမှန်း​နွေဦး မျက်​နှာကို မြင်​ရုံ
နဲ့ဇွဲတမန်​ သိ၏။

ဘေးနားက ဆိုဖာမှာ ထိုင်​ရင်း ဒဏ်​ရာကို Justin
ဆေးထည့်​ ​ပေး​တာ ခံ​နေ​သော မုန်းခန့်​ထည်​ကိုပါ
တလှည့်​ ကြည့်​ ​နေပြန်​သည်​ ။

ပြီး​နောက်​ သက်​ပြင်း​မောတစ်​ခုကို ဟူးကနဲမည်​​အောင်​ချလိုက်​ကာ ဆိုဖာ​ပေါ် ​လျော့တိ​လျော့ရဲ မှီချလိုက်​၏။
ည​နေ​လောက်​က အိမ်​တံခါး ​ခေါက်​သံကြား၍
အ​ကြော်​အိုး​ကြော်​​နေရက်​တန်းလန်း တံခါးဖွင့်​ကြည့်
တော့ အနှီလူသားနှစ်​​ယောက်​ကို ​တွေ့ ရခြင်း။

တစ်​​​ယောက်​က ​ခေါင်းငိုက်​စိုက်​ကျလျက်​ ​နောက်​တစ်
ယောက်​က​တော့ ​​ခေါင်းမှာ ​သွေးစအချို့ က​ခြောက်
လျက်​ပင်​ရှိ​နေ​သော ​ကောင်​​လေးနှစ်​​ယောက်​ကို
မြင်​​သော အခါ ဇွဲတမန်​ ​ရှော့ ရချင်​သွားသည်။
ဘာဖြစ်​လာခဲ့လဲ ဆိုတာ မသိ​ပေမဲ့ ​နွေဦးဆီက
ထွက်​လာ​သော တိုး​ဖျော့​ဖျော့ စကား က တစ်​ည​လောက်
ပေးတည်းခွင့်​ပြု ရန်​ ။

တစ်​စိမ်းဆန်​ဆန်​ခွင့်​​တောင်းလာတဲ့ ​ကောင်​​လေးကို
ပျစ်​ပျစ်​နှစ်​နှစ်​ ဆဲလိုက်​ချင်​သည်​ ။ ဒီလူနဲ့ ဒီလူ
ခွင့်​​တောင်း​နေစရာလား ? ကိုဇွဲ ဒီည ကျွန်​​တော်​တို့
ညအိပ်​မယ်​ ဆိုရင်​ ​တောင်​ အချိန်​မ​ရွေး ဝင်​လာ
လို့ရတဲ့​နေရာကို ....
သို့​သော်​မြဲမြဲဆုပ်​ထားတဲ့ တွဲလက်​ နှစ်​ခုကို မြင်​​သော
အခါ ​​ပြောစရာစကားတို့က အလိုလို ကွယ်​​ပျောက်​သွား
၏။ သိပ်​ချစ်​ကြ​သော ​ကောင်​​လေး နှစ်​​ယောက်​ သည်
ပြသနာ ကြီးကြီးကြုံ လာ သည်​ဟု ထင်​ရ​သော်​လည်း
တစ်​​ယောက်​ကို တစ်​​ယောက်​ လက်​မလွှတ်​လိုက်​ကြ
တာကို ကြည်​နူးစွာ ​တွေ့ မြင်​လိုက်​ရ၏။

" အခု ဘာလုပ်​ကြမှာလဲ Spring မင်း​မော်​လမြိုင်​ကို
လိုက်​ပြန်​မှာလား "

အမုန်းအဆုံးသတ်​Where stories live. Discover now