"21"

8.7K 583 12
                                    

ခုချိန်​ထိအဖျားမကျ​သေး​သော
နွေဦးကိုမုန်းစိတ်​ပူလှပြီ ။
ကိုယ်​တိုင်​က​ဆေး​ကျောင်းတက်​​နေ​ပေမဲ့
ပစ္စည်းကိရိယာမပါ​တော့ ကုလို့ အဆင်​မ​ပြေ
ဒီအနီးအနားမှာ ​ဆေး​ပေးခန်း​တွေဘယ်​​နေရာ
ရှိနိုင်​မလဲ ။
အ​တွေးထက်​စိတ်​က​စောစွာ
မုန်း ဘန်​ဂလိုအပြင်​ဘက်​ကို ​ပြေးထွက်​ခဲ့သည်​ ။
ဆေးခန်းလိုက်​ရှာရမည်​ ။
နွေဦးက အဖျားရှိန်​နဲ့ မှိန်း​​နေတာဖြစ်​လို့
နှိုးလို့မရ
အဲ့​တော့ဆရာဝန်​ကို ပင့်​ရမည်​ ။

ဟို​မေးဒီစမ်းနဲ့ ​ဆေးခန်း​လေးတစ်​ခုကို
ကံ​ကောင်း​ထောက်​မစွာ ရှာ​တွေ့ ခဲ့သည်​ ။

ဆေးခန်းမှာလူနာသိပ်​မများ​နေ
တစ်​​ယောက်​နှစ်​​ယောက်​သာရှိ သည်​ ။

နွေဦးတစ်​​ယောက်​ထဲကျန်​ခဲ့တာမို့
စိုးရိမ်​စိတ်​​တွေများကာ
ကောင်​တာက စာ​ရေးမ​လေးကို
ဆရာဝန်​ဆီမြန်​မြန်​ ​ပြော​ပေးရန်
လော​ဆော်​မိသည်​ အထိ ။

အ​ရှေ့ ကလူနာ​တွေကုန်​သွား​တော့
ဆရာဝန်​ကထွက်​​တွေ့ တာကိုမ​စောင့်​နိုင်​​တော့ဘဲ
လူနာခန်းထဲ​ပြေးဝင်​ပြီး ဆရာဝန်​ကို
ကယ်​ပါဦးဆရာ တစ်​ခွန်းသာ ​ပြောပြီး
 လက်​ဆွဲ​ခေါ်ခဲ့ရသည်​ ။

လမ်း​လျှောက်​မသွား​တော့ဘဲ ဆိုင်​ကယ်
တက္ကစီ သာ ​ခေါ်စီးပြီး
လမ်းမှာပင်​ဆရာဝန်​ကို အကျိုးအ​ကြောင်း
ပြောပြရသည်​ ။

အခန်းပြန်​​ရောက်​​တော့
နွေဦးတစ်​​ယောက်​ ​စောင်​ခြုံပြီး
ကွေး​နေသည်​မှာ ဒူး​ခေါင်းနဲ့ နဖူးထိ
လောက်​သည်​အထိ
ချမ်း​နေတယ်​ ထင်​ တယ်

အနားကပ်​ပြီး နဖူးစမ်းကြည့်​​တော့
ပူခြစ်​​နေ၏ ။ ဆရာဝန်​ဘက်​ကိုအမြန်​လှည့်​ကာ
တောင်းဆိုရ​တော့သည်​ ။

" ဆရာ ကူညီပါဦး ဗျာ
အဖျားကမကျသွားဘူး "

" အင်း ​လော​လောဆယ်​ အဖျားတိုင်း လိုက်​မယ်​ "

ဆရာဝန်​က လုပ်​စရာရှိတာ လုပ်​​နေစဉ်
ဘေးက မုန်းက​တော့ ​နေစရာမရှိ
ဟို​ချောင်း ဒီ​ချောင်းဖြင့်​ ကဏှာ မငြိမ်​​နေ

အမုန်းအဆုံးသတ်​Where stories live. Discover now