"7"(Zawgyi/Unicode)

11.9K 840 0
                                    


ကိုယ်​ကိုယ်​တိုင်​ ​သေချာမသိလိုက်​ခင်​​လေးမှာ
သူက နှလုံးသားထဲချဉ်းနင်းဝင်​​ရောက်​သွားပြီ
ရင်​ခုန်​သံကို အချစ်​လို့ ဘာသာ ပြန်​ လို့
ရ မရ ကိုယ်​မသိ ပါဘူး
မင်းဟာ ကိုယ့်​အတွက်​​တော့
တေးသွားမပါတဲ့ ကကြိုးတစ်​ပုဒ်​။

.............................

ကြည်​လင်​ ​​နေ​သော ​ကောင်းကင်​ပြာ၌
နေ​ရောင်​က မစူးရှလွန်း ဘဲ
နွေး​ထွေး ​နေ၏။
ငြိမ့်​ငြိမ့်​​ညောင်း​ညောင်း
တိုက်​ခက်​လာတဲ့ ​လေနု ​လေး​တွေက
ဆည်းလည်းသံ​လေး​တွေကို ယူ​ဆောင်​ ​ပေး လာသည်​။
လူများစွာ ထူထပ်​​နေခြင်းမဟုတ်​ပေမဲ့
ဘုရားရင်​ပြင်​​တော်​​ပေါ်​တွင်​​တော့ ပြည့်​​နေ၏။
သို့​သော်​လည်း ဆူညံသံ​တွေ မရှိဘဲ
ရေချမ်း ကပ်​သူ​တွေ တရားထိုင်​သူ​တွေ
ဘုရားဝတ်​ပြုသူ​တွေနဲ့ က အသီးသီး ကိုယ့်​အာရုံ
နဲ့ကိုယ်​ ​အေးချမ်း ​နေ၏။

ကျွန်​​တော့်​ ​ဘေး က ချစ်​သူ​လေး.သည်​လည်း
ငြိမ်း ​အေးမှုအပြည့်​ဖြင့်
ဘုရား ဝတ်​ပြု​နေ​လေရဲ့ ။ သဲရဲ့ ​အေးချမ်း တဲ့
မျက်​နှာ​လေးနှင့်​ ​ရွှေတိဂုံဘုရားကို အာရုံပြု​နေပုံ​လေးက
ရင့်​ကျက်​မှု အပြည့်ုဖြင့်​။
ဒီ​နေ့ ​က တနင်္ဂ​နွေဖြစ်​တဲ့အတွက်​ကျောင်းလည်းပိတ်​ ကျူရှင်​လည်း ပိတ်​လို့ သဲ နဲ့ ဘုရားလာဖူးခြင်း ။
လေးဆူဓာတ်​ပုံ ​ရွှေတိဂုံ ဟု
ခေါ်တွင်​​သော ​စေတီ​​တော်​သည်​ ကျွန်​​တော့်
ကို အမှန်​တကယ်​ကြည်​ညို​စေသည်​ ။
ထုထည်​ကြီးမားလှ​သော​စေတီကြီးသည်
ဖူး​တွေ့ ရသူလူအ​ပေါင်းကို
စိတ်​ဝယ်​ ကြည်​ရွှင်​ ဝမ်း​မြောက်​​စေ၏ ။
စေတီ​တော်​ကြီးကို ကြည့်​ရင်း
ဘာဝနာ များ ပွားများ ​​နေခိုက်​...

" မုန်း သဲ ဘုရားရှိခိုးပြီးပြီ
စေတီ​တော်​ကြီးကို တစ်​ပတ်​ ပတ်​ကြ ရ​အောင်​​နော်​"

" အင်း သွား မယ်​​လေ "

သဲ​ရော ကျွန်​​တော်​​ရော စေတီ​တော်​ကို လက်​ယာရစ်
ပတ်​ရင်း လမ်း​လျှောက်​လာခဲ့သည်​ ။
တစ်​​နေရာ​ရောက်​​သော အခါ ဓာတ်​​လှေကားမှတက်​လာ
သော ​နွေဦး ကို လှမ်းမြင်​လိုက်​ သည်​ ။

အမုန်းအဆုံးသတ်​Where stories live. Discover now