"45"

10.3K 748 37
                                    


သူ​ဌေး​လေးက ​နေမ​ကောင်း​သေး၍ ဦးသိန်း မနက်
အ​စော ကြီး ​ရောက်​လာသည်​။ ခြံ​ရှေ့​ရောက်​​တော့
ခြံတံခါးကြီးက ပိတ်​လျက်​သား ။

သူ​ဌေး​လေး မနိုး​သေးတာ ဖြစ်​မည်​ ။ မနက်​အ​စောကြီး
ပေမို့ ​အေးကလည်း ​အေးသနဲ့။ဦးသိန်းမှာ ​သော့အပိုရှိ
နေတာ​ကြောင့်​ ခြံတံခါး​သော့ဖွင့်​ကာခြံထဲသို့ အမြန်
ဝင်​လိုက်​၏။ အိမ်​​ရှေ့​ရောက်​​တော့ အိမ်​တံခါးက
ပိတ်​လျက်​သား​တွေ့ရသည်​ ။ အပြင်​မှာ ပဲ
ထိုင်​​စောင့်​​နေရင်​​ကောင်းမလား ။ ​နေမ​ကောင်း​သေး
တဲ့ သူ​ဌေး​လေးကိုလည်း မနှိုး ချင်​တာ​ကြောင့်
ခြံထဲမှာ တံမြက်​စည်း လှဲရင်း ​သွေးပူ​အောင်
လုပ်​​နေလိုက်​၏။

ချောက်​!

အိမ်​တံခါး ဖွင့်​သံကြား၍ လှည့်​ကြည့်​မိချိန်
ဦးသိန်းတို့ ယ​နေ့တစ်​ခါလည်း ထပ်​မံအံသြရပြန်
ပြီ။ ​အိမ်​ တံခါး အဝမှာ မြင်​ရတဲ့ မျက်​နှာ က
ဦးသိန်းထင်​သလို သူ​ဌေး​လေး​တော့မဟုတ်​ ။
မ​နေ့က သူ​ဌေး​လေးကမဝင်​​စေနဲ့ဟု တင်းတင်းကြပ်​ကြပ်
မှာထားခံရတဲ့ ​ဒေါက်​တာ​လေး က အိမ်​ထဲက
ထွက်​လာ ခြင်း။

" ဟာ ဦး သိန်း အ​စောကြီး​ရောက်​​နေတာလား "

အိမ်​​ရှေ့ထွက်​ အပျင်းလိမ်​​နေတဲ့ မုန်းခန့်​ထည်​က
ဦးသိန်းကို ​တွေ့ ​တော့ အနား​ရောက်​လာကာ
လာနှုတ်​ဆက်​၏။ မသိရင်​ သူ့အိမ်​အတိုင်း ။

" ​ဒေါက်​ တာ​လေးက ဒီ​ရောက်​​နေတာလား ဘယ်​လို?

" ​အော်​ အဟင်း ..အဲ့ဒါ က ဒီလိုပဲဦးသိန်းရ "

လည်​ပင်း​လေးကို လက်​ဖြင့်​ပွတ်​ကာ ရှက်​ရယ်​ရယ်
နေပုံရတဲ့ မုန်းခန့်​ထည်​ က ဦးသိန်းမျက်​လုံးထဲ​တော့
မုန်းစရာ မ​ကောင်း​နေပါ။ သူ​ဌေး​လေးက​တော့
ဘာ​ကြောင့်​မုန်း​နေတယ်​ မသိ ။

" ဦးသိန်း တံမြက်​စည်းလှည်း ​နေတာလား
အဲ့ဒါ ဆိုရင်​ တစ်​လက်​စတည်း ခြံထဲက အမှိုက်​​တွေ
အကုန်​လှည်းထုတ်​​ပေးပါလား ​တွေ့​နေရတာ နံလို့ "

အမုန်းအဆုံးသတ်​Where stories live. Discover now