"26"

9.1K 603 22
                                    


မင်းခန့်​ရှာ​ပေးတဲ့ အ​ဆောင်​မှာ ​နေရတာ
တစ်​လ ပြည့်​ပြီ ။ အ​ဆောင်​​နေရာက
market  နဲ့​ရော ကားဂိတ်​နဲ့ပါနီး​တော့
အဆင်​​ပြေသည်​ ။

နွေဦး အဝတ်​အစားလဲ ပြီး​တော့ ဂီတာ တစ်​လက်
ကိုင်​ဆွဲကာ ကားဂိတ်​ဆီ ထွက်​ခဲ့ သည်​ ။
ည​နေ ​ခြောက်​နာရီ ထိုး​နေပြီ ဖြစ်​ တဲ့အတွက်
လူအနည်းငယ်​ရှင်း​နေ၏ ။
အ​ရှေ့ကိုဆိုက်​လာတဲ့ ကားဆီ အမြန်​ ​ပြေးတက်​ရသည်​ ။
အလုပ်​က ​နောက်​ကျလို့ မရ ဘူး ။
ဒီအလုပ်​က လည်း မင်းခန့်​အဆက်​အသွယ်​ နဲ့
ရထားတာ ။ ​နွေဦး က ဂီတာ တီးတတ်​ပြီး သီချင်းပါ
ဆိုတတ်​တယ်​ဆို​တော့မင်းခန့်​ကတီးဝိုင်း.တစ်​ခုမှာ
အလုပ်​လျှောက်​ ​ပေး၏ ။ အဆင်​​ပြေစွာနဲ့ပင်
ခေါင်း​ဆောင်​က သ​ဘောကျ ၍
အဆို ​နေရာ ကို ​ပေး၏ ။ ဒီ​တော့ ​နွေဦး က
ထိုတီးဝိုင်းရဲ့ ပင်​တိုင်​ အဆို တစ်​​ယောက်​ ဖြစ်​လာ၏ ။

Infinity ဆိုတဲ့ ဆိုင်းဘုတ်​ကို တစ်​ချက်​ကြည့်​ကာ
နွေဦး အထဲကို လှမ်းဝင်​ခဲ့ ၏ ။
ခန​နေရင်​ အလုပ်​စရ​တော့မည်​ ။
အလုပ်​မစခင်​  အဆာ​ပြေစားရန်​ စီစဉ်​ ​ပေးထား.တဲ့
မုန့်​​တွေကို ယူစား​နေလိုက်​၏ ။
ဒီတီးဝိုင်း နဲ့ ဒီဆိုင်​​လေး က သန့်​သည်​ ။
စည်း စနစ်​ကြီးသည်​ ။ လူ ရှုပ်​ ​တာ​တွေ သိပ်​မရှိ ။
ဒါကို ​နွေဦး.သ​ဘောကျတယ်​။

" ​ရောက်​ ​နေပြီလား "

ခေါင်း​ဆောင်​ ကို ဇွဲ တမန်​ က ​နွေဦး ထိုင်​တဲ့ ခုံ.မှာ
ဝင်​ထိုင်​ ပြီး​မေး​တော့ ​နွေဦး.ပြန်​ ပြုံး ပြလိုက်​ကာ

" ခုန ကပဲ ကို ဇွဲ "

ဇွဲ ​ခေါင်းညိမ့်​ ရင်း ​နွေဦး စား​နေ​သော ပန်းကန်​ကို ယူ
စား ၏ ။

" ဟာ ကို ဇွဲ ကျွန်​​တော်​ စားထား ပြီးသား ကြီး ​လေ
တခြားဟာစားမလား ကျွန်​​တော်​ယူ​ပေးမယ်​ "

လှမ်းထ ဟန်​ ပြင်​ လိုက်​​သော  ​နွေဦး လက်​ကို
ဇွဲ ဆွဲ ချကာ ခုံမှာ ပြန်​ ထိုင်​​စေ၏.။

" ဘာလဲ ကိုယ်​စား ​နေတာ ကို ရွံ လို့. လား "

" မရွံ ပါဘူး.
ကျွန်​​တော်​က ..."

အမုန်းအဆုံးသတ်​Where stories live. Discover now