" 8" (Zawgyi/Unicode)

11.6K 750 3
                                    

ကိုယ်​ဆိုတာသူနဲ့ပတ်​သတ်​လာရင်
သူ ရှုရိုက်​​နေတဲ့​လေ ကို​တောင်
သဝန်​တို​နေတာမျိုး

.....................

အေးစိမ့်​​နေ​သော air con ​လေ​ကြောင့်​ ဂျာကင်​ကို ဆွဲစိလိုက်​သည်​။ အပြင်​မှာပူ​နေ​သော်​လည်း mallထဲမှာ​တော့
အေးစိမ့်​​နေသည်​။ ​နွေဦး မင်းခန့်​ပိုင်​နဲ့အတူ shopping
Mallထဲေ​ရာက်​​နေတာဖြစ်​သည်​။
လိုအပ်​​သောပစ္စည်း.နဲနဲပါးပါးလာဝယ်​ခြင်း ။ မင်းခန့်​က​တော့ သူ့ချစ်​သူအတွက်​ ​မွေး​နေ့လက်​​ဆောင်​ ဝယ်​ဖို့လာတာဖြစ်​သည်​။
Mallရဲ့ အ​ပေါ်ထပ်​တွင်​ အ​တော်​ကြာကြာပတ်​မိကြသည်။ လိုအပ်​တာ​တွေ ဝယ်​ ပြီး​သောအခါ
နှစ်​​ယောက်​သား ဖက်​ဖက်​ကို​မောသွားပြီ ။
မင်းခန့်​က သူ့​ကောင်​မ​လေး.အတွက်​ လက်​စွပ်​ဝယ်​​ပေးမယ်​ ဆို​တော့ ​အောက်​ထပ်​ကို ပြန်​ဆင်းရသည်​။
ဒါ​ပေမဲ့ အရင်​ဆုံး ဟာ​နေ​သော ဝမ်းဗိုက်​ကိုအရင်​ဖြည့်​ရမယ်​။ လူက ​ခြေတို​အောင်​​လျှောက်​ထား လို့ ​မောလည်း​မော
ဆာလည်း ဆာ​နေပြီ။
season ကို နှစ်​​ယောက်​သားဝင်​ ခဲ့ ပြီး မုန့်​​တွေလိုက်​ကြည့်​​နေတုန်း ဆိုင်​ရဲ့ ​ထောင့်​နားက စားပွဲဝိုင်းဆီအကြည့်​​ရောက်​မိသည်​။ ​ထိုစားပွဲဘက်ကို​နွေဦးစိုက်​ကြည့်​​နေ၏။
အတိအကျ​ပြောရမယ်​ဆို ရင်​ ထိုဝိုင်းတွင်​ထိုင်​ ​နေ​သော
စုံတွဲတစ်​တွဲ ပိုပြီးတိတိကျကျ​ပြောရမည်​ဆိုလျှင်
ကျွန်​​တော့ရဲ့ကြယ်​​လေးနဲ့သူ့ချစ်​သူ ။
ကြယ်​​လေး က စကား​ပြောရင်းပြုံး​နေလိုက်​တာ
သွား​လေး​တွေ ​ပေါ်သည်​အထိ
မျက်​လုံး က အ​ရောင်​​တောက်​​နေကာ
အ​ရှေ့မှာရှိတဲ့ လူကို ဘယ်​​လောက်​ ချစ်​ခင်​​ကြောင်း​ဖော်​ပြ​နေသည်​။ သူ့ရဲ့ ကြည်​လင်​​နေ​သောမျက်​လုံး​လေး​တွေ ကျွန်​​တော်​ဘယ်​သူကိုမှမပြချင်​။ကျွန်​​တော်​သာ အပိုင်​သိမ်းထား လိုက်​ချင်​သည်​ ။ ပြီး​တော့သူ့အပြုံး မြင်​ရသူရင်​​အေး​စေ​သော သူ့အပြုံး ကျွန်​​တော်​ သာဖမ်းဆုပ်​ချင်​သည်​။
သူ့အ​ရှေ့ က သူ့ချစ်​သူကို ဂရုစိုက်​​နေပုံက ကျွန်​​တော့်
ရင်​ကိုပူ​လောင်​​စေသည်​။ အဲ့ဂရုစိုက်​မှု​တွေ ကျွန်​​တော်
သာရချင်​တယ်​ ။ အို ဘယ်​လိုဖြစ်​ဖြစ်​ သူနဲ့ သက်​ဆိုင်​တာ
အလုံးစုံကျွန်​​တော်​သာ ပိုင်​ချင်​သည်​။ က​လေး​တွေ သူတို့
ပိုင်​​သော မုန့်​ကို ဘယ်​သူမှ မ​ပေးချင်​ သလို ကျွန်​​တော်​လည်း က​လေး​တွေလို သူ့ကိုဘယ်​သူ့မှမ​ပေး ချင်​။
သူ့ အလှအပ​တွေအားလုံး ဘယ်​သူ့ကိုမှ မပြချင်​ ။
ကျွန်​​တော်​သာ ပိုင်​ဆိုင်​ချင်​သည်​။ သူနဲ့ပတ်​သတ်​​သော
အရာအားလုံးကို ကျွန်​​တော်​သဝန်​တိုသည်​ ။

အမုန်းအဆုံးသတ်​Where stories live. Discover now