"41"

9.9K 611 38
                                    


အေးစက်​စက်​ ​လေထု​တွေ လွှမ်းခြုံ ​နေတဲ့
အိမ်​ထဲမှာ အလွန်​တရာ မုန်းလှပါသည်​ ဆိုတဲ့
လူတစ်​​ယောက်​နဲ့ ခါးသီးတဲ့ အထီးကျန်​ ခြင်း
ကို ခံစားစွာ ​နေ​နေ ရရင်​ လူ​တွေ ဘယ်​လို တုံ့ပြန်
တတ်​ကြသလဲ ကျွန်​​တော်​မသိ ​ပါ။

ကျွန်​​တော်​က​တော့ ရူးခါ ​လောက်​​အောင်
သေချင်​စိတ်​​ပေါ်​နေတယ်​။ ​မောင်းထုတ်​လည်း မသွား။
အော်​ဟစ်​ ရိုက်​ပုတ်​လည်းမနာတတ်​တဲ့ ဒီနိုင်​ငံကြီးသားက
ဗုဒ္ဓဘာသာဝင်​ ကျွန်​​တော့်​ထက်​ ခန္ဒီ ပါရမီ များနဲ့ ပြည့်
စုံ ​နေ သလား မ​တွေးတတ်​​အောင်​ ပင်
ကပ်​တွယ်​​နေသည်​က ​မျော့ ထက်​ဆိုးသည်​။

နာကျင်​တကာ့အနာကျင်​ဆုံးစကားလုံးများ​ရွေး
ပြော လည်း သူ့ဘာသာစကားမဟုတ်​လို့
မနာပါဘူး ဆိုသည့်​ထုံးနှလုံးမူထား ​လေသလား ။
ခံနိုင်​ရည်​သိပ်​သည်းဆက မြင့်​မားလွန်း​နေတာ
ဘာသားနဲ့ထုထား တာ လဲ။

ကိုယ်​က မျက်​နှာ ချင်းမဆိုင်​ချင်​၍ ဆိုင်​မှာ သွား
အိပ်​​သော်​ ဆိုင်​က အလုပ်​သမား​လေးများက
ကျီးကြည့်​​တောင်​ကြည့်​ ကြည့်​ကြသည်​။
အလုပ်​တွဲလုပ်​တဲ့ ပါတနာများက တဲ့တိုး​မေးကြသည်​။
မန်​​နေဂျာကပါ သိချင်​သလို စကားထဲ ထည့်​​ပြောလာ
တော့ မခံနိုင်​​တော့တဲ့အဆုံး မူရင်း ​နေရာ တိုက်​ခန်း
ပေါ်ပြန်​​ရောက်​လာပြန်​သည်​။

ကိုယ့်​မှာ ကိုယ့်​အိမ်​ကိုယ့်​ရာ ​ရောက်​ တာ​တောင်​မှ
ပြောင်းလဲသွားတဲ့ အိမ်​အ​ခြေ အ​နေကို ကြည့်​ပြီး
မှင်သက်​ ​နေ ရ ပြန်​တယ်​။ အစဉ်​ အမြဲ ​ရေးလက်​စ
စာရွက်​စုတ်​​တွေ ဝတ်​ထားတဲ့အဝတ်​ပုံ​တွေ
ပြန့်​ကျဲ ​နေတတ်​တဲ့ အိမ်​ ​ရှေ့
ဧည့်​ခန်းကြီး က ​တောက်​​ပြောင်​ ​နေတာများ
အသစ်​တစ်​ခု လဲထည့်​ထားတဲ့အတိုင်း ။

ဧည့်​ခန်းထဲ ဝင်​ တာ နဲ့ ပန်းအိုးသုံး​လေးအိုး
ကို ​နေရာတကျ ​တွေ့ ရ​သေးသည်​။ အရင်​က​တော့
ထို​နေရာမှာ ပန်းအိုး​တွေအစား ​စားပွဲဝိုင်းတစ်​ခု နဲ့
စားလက်​စ ပန်းကန်​ ပြား အချို့သာ ရှိ​နေတတ်​ ရာ
ထို လူ့အသန့်​ ​ရောက်​လာမှ ဧည့်​ခန်းတည်းဟူ​သော
ဂုဏ်​ပုဒ်​နဲ့ ညီသွားရသည်​။

အမုန်းအဆုံးသတ်​Where stories live. Discover now