"27"

9.1K 592 12
                                    


နေ ပူပူ ထဲ မို့ ထီး ကလည်း မပါခဲ့​တော့
အရိပ်​ရ​သော ​နေရာကို အ​ပြေး.လှမ်းရ သည်​ ။
ဆေးရုံကြီး ဝင်း ထဲ ဝင်​ ​တော့ မှ အနည်းငယ်​ သက်​သာ
ရာ ရ​တော့၏ ။ အ​နောက်​ ဘက်​ ဆီက တစ်​စုံ တစ်​ခု
အသိ ​ကြောင့်​ ဖျက်​ခနဲ လှည့်​ ကြည့်​​တော့
တစ်​ခုခု ဖြတ်​သွားသလို ဖြစ်​သွား တာ​ကြောင့်
ဟို ဟိုဒီဒီလိုက်​ကြည့်​ မိသည်​။

ဆေးရုံ ဝင်း ရဲ့ အထဲ ​ရောက်​​နေပြီး မှ အပြင်​ ပြန်​ ထွက်
ကြည့်​ ဖို့ ပြင်​ ​နေ​သော မုန်းခန့်​ထည်
တစ်​​နေရာ ဆီ အကြည့်​ ​ရောက်​ ​တော့
ရုတ်​တရက်​ ရပ်​ တန့်​သွား ၏ ။

" သဲ "

နှုတ်​ခမ်းဖျား မှ ခပ်​တိုးတိုး ထွက်​ ကျလာ ​သော
အမည်​ နာမ ပိုင်​ရှင်​ သည်​ ​ မုန်း ခန့်​ထည်​ဆီ တည့်​တည့်
လျှောက်​လှမ်းလာ၏ ။

" သဲ "

နောက်​ထပ်​တစ်​ဖန်​ ခပ်​ကျယ်​ကျယ်​​ခေါ်မိ​တော့
အေးချမ်း တဲ့အပြုံး ကို ဖန်​ဆင်း ကာ
အနား​ရောက်​လာ၏ ။
မုန်း ခန့်​ထည်​မှာသာ အိုးတို့ အမ်းတမ်း.ဖြစ်​​နေကာ
တမြန်​​နေ့က အ​ကြောင်းကို သတိရပြီး
မျက်​နှာပူလာ၏ ။ ပိုဆိုးလာသည်​က
သဲ ​ပြောလိုက်​တဲ့ စကား ​ကြောင့်
ထိတ်​လန့်​သွား မိ၏ ။

" ခုနက ပဲ ​နွေဦးပြန်​သွားတာ ​တွေ့ လိုက်​တယ်
မုန်းကို လာ​တွေ့ တာလား "

" ဘယ်​လို ကိုယ်​လည်း မသိ ဘူး သဲ သူလာသွားလို့လား "

" အင်း အခု​လေးတင်​ပြန်​သွား တာ​တွေ့ လိုက်​တာ
သဲ စိတ်​ထင်​ မုန်း နဲ့ ​တွေ့ လာတာလား လို့
မုန်း က မသိဘူးဆို​တော.့......့ ဒါဆို ...."

သဲ က ​ပြောလက်​စ ကို ရပ်​ ကာ မုန်း ကို တည့်​ တည့်
ကြည့်​​နေ၏ ။ မုန်းခန့်​ထည်​ ​နေမတတ်​​တော့
အ​နေကျုံ့  လာသလို ခံစား မိ လာ၏ ။
အပြစ်​ တစ်​ခု ခု လုပ်​ထား ပြီး လိပ်​ပြာ မလုံသလို
ခံ စား လာမိ၏ ။ ​နွေဦး က သူ့ဆီ ဘာလာလုပ်​တာလဲ
ဒါဆို ခုနက ရိပ်​ကနဲ​တွေ့ လိုက်​တာ ​နွေ ဦး လား ?

ကြောင်​​ငေးစွာရပ်​ ​နေ​သော မုန်း ခန့်​ထည်​ကို
သဲ ပုခုံး ပုတ်​ ​ခေါ် လိုက်​ ပြီး

အမုန်းအဆုံးသတ်​Where stories live. Discover now