"29"

9.4K 648 9
                                    

ဆေးရုံ ကုတင်​​ပေါ်မှာ ငြိမ်​သက်​စွာ လဲ​လျောင်း
နေ​သော ​ကောင်​​လေး တစ်​​ယောက်
ကုတင်​​ဘေးမှာ ​ကောင်​​လေး သတိရလာနိုး နိုးနဲ့
မမှိန်​ မသုတ်​ စိုက်​ကြည့်​ ​နေ​သော
ကောင်​​လေး တစ်​​ယောက်
ကုတင်​​ဘေးက​ကောင်​​လေး မှာ မျက်​နှာ ​အနည်းငယ်​​ချောင်
နေ​ပေမဲ့ စိုးရိမ်​ ပူပန်​ ​နေစိတ်​က
မျက်​နှာ မှာ အထင်းသား ​ပေါ်လွင်​​နေ၏ ။
တစ်​ညလုံး မအိပ်​ထားရတဲ့ ပုံ ​ပေမဲ့
အိပ်​ချင်​စိတ်​ရှိ ​နေပုံမ​ပေါ် ​ချေ ...

နွေဦးကို ​ဆေးရုံ ကြီးရဲ့အ​ရေး​ပေါ် ​ခန်း ​မှာ ပဲ ထား ရသည်​။
ညတွင်းချင်း အ​ရေး​ပေါ်​ရောက်​လာ​​ပြီး
ဆေးရုံတစ်​ခုလုံးကို နိုးကြားသွား​စေ ​သော
ဇွဲ တမန်​ က ​နွေဦးကို ​ပွေ့ ချီ လျက်
နပ်​စ်​ မ ​တွေ ​ရော ဆရာဝန်​များ.ပါမကျန်
အော်​ဟစ်​အကူအညီ ​တောင်းခဲ့​လေ၏ ။
ဇွဲတမန်​ လက်​​ပေါ်က ​နွေဦး က​တော့
ထိုအဖြစ်​အပျက်​များ ကို မသိနိုင်​​ချေ ။

သတိလစ်​​မေ့​မျော သွား.သည်​မှာ မနက်
လင်းတဲ့ ချိန်​ ထိ သတိ မရ ​သေး​တော့
ဇွဲတမန်​ စိတ်​ပူလာ ၏ ။
ထို့​ကြောင့်​ တာဝန်​ကျ ဆရာမ ကို အမြန်
သွား​ပြေး ​ခေါ် ​ပြန်​ သည်​ ။

တစ်​ညလုံး လည်း တာဝန်​ကျ ဆရာဝန်​​တွေ ဆရာမ​တွေ
တစ်​​ယောက်​မှ မ​နေရ ။
သတိမရနိုင်​​သေးသ၍ ​ခေါ်ကာ ကြည့်​ခိုင်း ​နေခဲ့၏ ။
ထိုမျှ​လောက်​ ပူပန်​စွာ ဇွဲတမန်​ ​ယောက်​ယက်​ခတ်​​နေ​သော်​လည်း ​နွေဦးမှာ တစ်​ချက်​မှ မနိုးလာ​သေး​ချေ ။

ရိုက်​ခံထိထားခဲ့​သော အရှိန်နဲ့လား
ကြောက်​ရွံ မှု​တွေ​ကြောင့်​လား
အခုချိန်​ ထိ သတိမရနိုင်​​သေးတာ ကွာ ..

တော်​​သေးသည်​က ​ခေါင်း ကို မထိခဲ့ ခြင်းဖြစ်​သည်​ ။
ဆရာဝန်​​တွေက ဓာတ်​မှန်​ရိုက်​ စစ်​​ဆေး​ပေးတာ
လုပ်​ပြီး ​ဆေးသွင်း ​ပေးထား ​သော်​လည်း.သတိမရ
လာ​သေး ...

ဓာတ်​မှန်​ ရ ​တော့ ဆရာဝန်​ ​တွေ​ပြောတာက
အရိုး​တွေ မထိ သွား ​ပေမဲ့ လက်​ ဖမိုး.နားက
အရိုး က ​စောင့်​ ကြည့်​ ရမည်​တဲ့ ။...
အ​ဖြေ​တော့မထွက်​လာ​သေး​ပေမဲ့
ဇွဲ တမန်​စိတ်​ပူရသည်​ ။

အမုန်းအဆုံးသတ်​Tempat cerita menjadi hidup. Temukan sekarang