Happy Ending (U&Z)

7.8K 364 32
                                    

ကျွန်တော် မောင်မုန်းခန့်ထည်နှင့်
ညီဟု ကျွန်တော် အမြတ်တနိုး ခေါ်တွင်သော
နွေဦးမိုးတို့သည် နှလုံးသား ဂဟေ ဆက်ရန် ကိစ္စများမြောင်လူတို့ဘောင်ဟု ဆိုသည့်အတိုင်း
ကြားထဲ၌ ကြုံ ခဲ့ရသော ပြသနာ များ စွာ ရှိခဲ့လေသည်။

ကျွန်တော်က ဖန်တီးခဲ့သော ပြသနာ ရှိခဲ့သလို
ညီ က ဥပက္ခာ ပြု မုန်းတီးခဲ့သော ကာလ
များစွာ ကို တစ်ဦးတည်း တစ်ဖုံ နှစ်ဦးလုံး ညီတူ
ညီမျှ တစ်ဖုံ ခံစားခဲ့ရပြီး မှ အမုန်းရဲ့အဆုံးသတ်ကို
ရောက်ရှိ ခဲ့ရသည် မှာ ကာလ များစွာပင်ကြာခဲ့ ပြီ ။

ကျွန်တော် သည်ပင် ခွဲ စိတ်ပါရဂူ ဖြစ် ပြီး၍
ညီသည်လည်းကျွန်တော့ နှလုံးသား အပိုင်စား ရတဲ့
ပါရဂူ လေးဖြစ်လို့နေ ခဲ့ချေ ပြီ ။

တစ်နေ့မှာတော့ ညီသည် ဘာစိတ်ကူး ပေါက်သည်
မသိဘဲ စကားတစ်ခွန်း စ ပြောလာပါသည်။

" ကိုကို ယောကျာ်းလေးက တကယ်ကိုယ်ဝန်ဆောင်
လို့ရလား "

ညီ သည် ချစ်စရာ ကောင်းစွာ လှဲ အိပ်နေလျက်
ခေါင်းလေး တစ်ခုတည်းထောင်ထလာကာ
အမေးရှိနေ ၏။

မေးခွန်း က ထူးဆန်းသည်မို့ ကျွန်တော်သည်
ဖတ်လက်စ ဆေးစာအုပ်ကို Book mark ဖြင့်
ညှပ်လျက် ဘေးသို့ ပြောင်းရွှေ့ လိုက်၏။
ညီ့ဘက်သို့ လှည့်ကြည့် လိုက်တော့
မျှော်လင့်အားကြီးနေသော မျက်လုံး လက်လက်ကို
တွေ့ လိုက်ရသည် မို့ ပါးစပ် ပင်အနည်းငယ် ဟ
သွားရသည်။

ကျွန်တော် က ညီ့ ဆီ ထသွားကာ
ညီ့ခေါင်းအောက်သို့ ပေါင်လေး လျှို သွင်းလျက်
တင်ပလ္လင်ခွေ ထိုင်လိုက်၏။

ညီ့ ဆံပင်လေးကို ဖွဖွလေး ပွတ်သပ်ပေးတော့
ကြောင်ကလေးလို တိုးဝှေ့ ၀င်လာကာ
ကျွန်တော့ ခါးကို ဖက်လျက် ငြိမ်သက်နေပြန်၏။

" ညီက ဘယ်ကကြားတာလဲ "

" ကျွန်တော် siteတစ်ခုက ရှာတွေ့ တာ
male တွေလည်း သားအိမ်ထည့်ပြီး
ကိုယ်ဝန်ဆောင် လို့ရပြီတဲ့
ကျွန်တော် ဖတ်နေတဲ့ app ထဲမှာလည်း
ယေကျာ်းလေး က မွေးကတည်းက သားအိမ်ပါပြီး
ကလေးမွေးတာ ရှိတယ်တဲ့ "

အမုန်းအဆုံးသတ်​Where stories live. Discover now