"25"

9.1K 644 9
                                    


မျက်​နှာမှာ အညို အမဲ ရာ​တွေနဲ့နှုတ်​ခမ်း​ပေါက်
ပြဲ ​ကာ ​သွေးစို့​နေ​သော သူတစ်​​ယောက်​ ရယ်
တောက်​​ခေါက်​သံ ပြင်းပြင်း ​ပေးကာ ​ဒေါသတကြီး
ဖြစ်​ လျက်​စိတ်​ပျက်​ လက်​ပျက်​ ထိုင်​​နေ​သော
လူကြီးတစ်​​ယောက်​ရယ်
အခန်း ​ထောင့်​တစ်​​နေရာမှာ တရှုံ့ ရှုံ့ ငို ​နေ​သော
အမျိုး သမီး ကြီး တစ်​​ယောက်​ရယ်
ရှိ​နေ​သော အခန်း ထဲမှာ ​အေးစက်​ခြင်း ​တွေ
ငို ​ကြွေးခြင်း​တွေ ဖုံးလွှမ်းကာ တင်းမာ ​သော.
အ​ခြေ အ​နေ ကို ​ဖော်​ပြ​နေ၏ ။

" သားရယ်​ ​ဖေကြီး​ပြောလိုက်​ပါ ​နောက်​ ​နေတာပါလို့
တကယ်​မဟုတ်​ပါဘူးလို့ "

ဒေါ​မေသဇင်​ က သားဖြစ်​သူကို လှမ်းကြည့်​ကာ
တိတ်​ဆိတ်​​နေ​သော စကားဝိုင်း ကို စတင်​ဖြိုခွဲ
လိုက်​သည်​ ။ သူမရင်​ ထဲလည်း ဗလာင်​ဆူ​နေတာ ပါ။
သားဖြစ်​သူ ကို ဒီလို အ​ခြေ အ​နေနဲ့ ​တွေ့ ရလိမ့်​မယ်
လို့ သူမ ဘယ်​​သော အခါ ကမှ မထင်​ခဲ့ ။
အ​တွေးထဲ ​တောင်​မရှိ ခဲ့ တာ ပါ။
သူမ သူများသားသမီးများကိုလည်း ဘယ်​​သောအခါမှ
ပုတ်​ခတ်​​စော်​ကား​ပြောဆိုခြင်း မရှိခဲ့ ပါ ။
ဘာလို့ သူမ တို့ရဲ့သားက သူများ ​ပြော စရာ ဖြစ်​လာ
ရပါသလဲ ။ ​ဒေါ်​မေသဇင်​ယူကြုံး မရ စွာ ​​ဖြစ်​​နေ၏ ။
သား က မ​နေ့ က ​ပြောလိုက်​တဲ့ စကား က အမှန်
တွေပါ ဆိုတာ တွင်​တွင်​​ပြော​နေ​သော်​လည်း
သူမ မယုံနိုင်​ပါ ။ မယုံရဲတာဆိုပိုမှန်​မည်​ ။
အမှန်​တရားကို မျက်​ကွယ်​ပြု ကာ သားဖြစ်​သူကို
မဝန်​ခံ​စေချင်​​ပေမဲ့ ​ခေါင်းမာလှ​သော သား က
မျက်​​တောင်​တစ်​ချက်​ မခတ်​ပဲ သူ ဟာ
ယောကျာ်း​လေးတစ်​​ယောက်​ကို စိတ်​ဝင်​စားမိ​ကြောင်း
ပြောပြလာ၏။
မ​နေ့ညက ဖြစ်​ပျက်​သွား​သော ပြသနာသည်
လူ အများကြားမှာ ဖြစ်​သည့်​ အတွက်​ ဦးမိုးမြင့်​လည်း
ခေါင်းမ​ဖော်​နိုင်​ခဲ့ ပါ.။ ဒါ့အပြင်​ ​နွေဦးက သူgayဆိုတာကို
လက်​ခံ​ပေးဖို့ တွင်​တွင်​​တောင်းဆို​နေ​တော့
ဦးမိုးမြင့်​ ​ဒေါသထွက်​စွာ ထိုးမိ၏။
မျက်​လုံးများပါနီရဲ​နေကာ အံကို တင်းတင်းကြိတ်​ထား၏။

အမုန်းအဆုံးသတ်​Where stories live. Discover now