" 28 "

9.5K 674 20
                                    

မေတ္တာဆိုတာ​ရောင်​ပြန်​ဟပ်​တတ်​တယ်​လို့
ပြောကြတယ်​ ...
ကိုယ့်​ တစ်​​ယောက်​ ထဲ ကျ မှ
ပြဒါး သုတ်​မထားတဲ့ မှန်​ ကို ​မေတ္တာ ထားမိတယ်
..........................

" ကိုယ်​တို့ ပွဲ တစ်​ခု ရှိတယ်​ Spring "

သီချင်း ဆိုတာ တစ်​ချက်​နား ချိန်​ ​ပြောလာ​သော
ကိုဇွဲ စကား

" ဘာပွဲ လဲ ကိုဇွဲ "

ဇွဲ က စီးကရက်​ ကို တစ်​ချက်​ဖွာရှိုက်​ လိုက်​ကာ
မီးခိုး.​ငွေ့ ​တွေကို မှုတ်​ထုတ်​ပြီး မှ ဆက်​​ပြော၏ ။

" လုပ်​ မှာက ​​မျှော်​စင်​ကျွန်းမှာ
ပွဲက​တော့ ဆရာဝန်​များအသင်း မိတ်​ဆုံစားပွဲ ပဲ
ကိုယ်​တို့ bandကို သူတို့ငှါးတာ အဆို​တော်​နှစ်​​ယောက်​ လာလိမ့်​မယ်​ ကိုယ်​တို့က တီး​ပေးရမယ်​ "

" ဒါဆို ကျွန်​​တော်​ တို့ မဆိုရဘူး ​ပေါ့ "

စိတ်​ထင့်​​နေ၍ ​မေး လိုက်​​သော်​လည်း

" ကိုယ်​တို့ ကို သုံးပုဒ်​ဆိုခွင့်​​ပေးတယ်
Spring ဆို ချင်​ဆို လို့ရတယ်​ ဆိုမယ်​မလား"

" ဟို ... ကျွန်​​တော်​ "

တစ်​ခုခု ကိုစိုးထိတ်​​နေ​သော ​နွေဦး က
ငြင်းဆန်​ဖို့ပြင်​လိုက်​​သော်​လည်း

" ဆို လိုက်​ပါ ကိုယ်​တို့bandမှာ အဆို​ကောင်းတာ
မင်းပဲရှိတာ​လေ ကိုယ်​နာမည်​ မပျက်​ချင်​ဘူး "

တောင်းဆိုချက်​တစ်​ခုကို အမိန့်​ဆန်​ဆန်​ချမှတ်​လာ​သော
စကား​ကြောင့်​ ထပ်​ပြီး ငြင်းဆန်​ရန်​ မဖြစ်​ နိုင်​​တော့
ခေါင်း ပဲ အသာ ညိမ့်​ပြမိ၏ ။
သီချင်း​ရွေးထားဦး ဟု မှာပြီး
စီးကရက်​ကို​ခြေ ဖ​နောင့်​ဖြင့်​ ဖိ​ချေ ကာ
ဇွဲ စင်​​ပေါ် တက်​သွား ၏ ။

ဆုံနိုင်​​လောက်​မှာ မဟုတ်​ပါဘူး ဟု
အားတင်းရင်း အ​တွေးစ ဖြတ်​ကာ
စင်​​ပေါ် လှမ်းတက်​ခဲ့၏ ။

^^^^^^^^^^^^

မျှော်​ စင်​ကျွန်း သို့ ချိန်းဆိုတဲ့ အချိန်​ ထက်
အနည်းငယ်​​နောက်​ကျမှ ​ရောက်​လာ​သော
နွေဦး ကို ဇွဲတမန်​ မျက်​​ထောင့်​နီဖြင့်​ ကြည့်​ကာ
ဆူရန်​ ဟန်​ပြင်​​နေ ၏ ။ သူက ရင်းနှီး တဲ့ လူဖြစ်​ပါ​စေ
အလုပ်​နဲ့ပတ်​သတ်​လာရင်​ ခွင့်​ မလွှတ်​တတ်​သူ
ဆို​တော့ ။

အမုန်းအဆုံးသတ်​Where stories live. Discover now