" 14"

9K 542 10
                                    

ရင်​ခုန်​သံမှားယွင်းခြင်း -၁
>>>>>>>>>>>>>>>>>

မိုးမရွာဘဲ သာယာ​သော​နေ့တစ်​​နေ့ဖြစ်​ခဲ့သည်​ ။
ကောင်းကင်​ကြီးက မည်း မ​နေဘဲ ​နေသာ ပြီး
နေလို့ထိုင်​လို့​ကောင်း​သော​နေ့တစ်​​နေ့ ။
မနက်​ပိုင်း မိုး တစ်​ဖွားနှစ်​ဖွားရွာထားလို့ ​မြေသင်းနံ့လေး
သင်းကျန်​ခဲ့​သော​နေ့ ။
ဒီ​နေ့မှာ ​ဖေ​ဖေ ​​ခေါ်ထားတဲ့ ဂိုက်​ ဆိုတာကြီးလာမယ်​တဲ့။ နွေဦး တို့်​က​တော့သနားတယ်​ ။
စိတ်​ပျက်​သွား​အောင်​လုပ်​​ပေးလိုက်​ဦးမည်​။

နွေဦး အပီအပြင်​ကြုံးဝါးပြီး အိပ်​ခန်းထဲ ​အောင်း​ကာ
ဂိုက်ကြီးလာမဲ့အချိန်​ကို​စောင့်​​နေ တာ။
ပျင်းလာ​တော့ နားကြပ်​​လေးတပ်
သီချင်း​လေးနား​ထောင်​ ရင်းအချိန်​​ကောင်းကို ​စောင့်​​နေ၏။

ဟော ခန​နေ​တော့ ​မေ​မေလာတက်​​ခေါ်တယ်​ ။
ဂိုက်ကြီးလာပြီ။OK!

တပ်​ထားတဲ့နားကြပ်​ကို မဖြုတ်​ဘဲ လည်​ပင်းမှာတပ်​ ။
ရေချိုးပြီးကတည်းကဝတ်​ထား​သော မျက်​စိ​နောက်​​လောက်​ မည့်​ ဂျင်းပြဲ ​ဘောင်းဘီနဲ့ အရိုး​ခေါင်းပုံတီရှပ်
အို​ခေ အဆင်​​ပြေပြီ။
ကိုယ့်​ကိုယ်​ကို မှန်​ထဲကြည့်​ကာ မျက်​စိ​နောက်​​လောက်
မည့်​ ဒီဇိုင်းအတွက်​ ကြံဖန်​ဂုဏ်​ယူလိုက်​သည်​။

လှေကား​ပေါ်က တစ်​ထစ်​ချင်း ဆင်းပြီး ဂိုက်ကြီးကို
အ​ပေါ်စီးက ကြည့်​မိသည်​။ ဘယ်​ရာစုကလည်းဆင်းလာတာလဲ။ ရှပ်​အကျီ င်္ အကွက်​နဲ့ ​ယောပုဆိုးကိုသာ ရိုးရိုးဝတ်
ထား​လေ​သောလူရွယ်​ကိုကြည့်​ပြီး အထင်​ကြီးချင်​စိတ်​က
စိုးစဉ်းမျှ မဝင်​ခဲ့​ချေ။ 

နွေဦး​မိုး.အောက်​ထပ်​ အ​ရောက်​ ဂိုက်​ကြီးက
မော့ကြည့်​ပြီး မျက်​​မှောင်​ကြီး.ကျုံ့ထားလိုက်​တာ ပြန်​ကို
မထွက်​လာ​တော့။ ကိုယ်​လည်းဘယ်​ရမလဲ
သူနဲ့အပြိုင်​ ကျုံ့ ပစ်​လိုက်​တာ ၊
မျက်​​မှောင်​ကို​ပြောပါတယ်​၊

ခုံ​မှာ အသာ​လေး ဝင်​ထိုင်​​တော့ ​မေ​မေက မိတ်​ဆက်​​ပေး
သည်​။ကိုယ်​ထက်​​လေးငါးနှစ်​ပဲ ကြီးပုံရလို့ ဆရာလို့လည်း
မ​ခေါ်ချင်​တာနဲ့ ခပ်​​ချေ​​ချေပဲ
Sirလို့​ခေါ်ပစ်​လိုက်​တယ်​။ ဟဲဟဲ
ကိုယ့်​လူ​တော့တင်း​လောက်​ပြီ။
ပြီး​တော့သူက သူ့ကိုယ်​သူ မိတ်​ဆက်​တယ်​။
နာမည်​က မုန်းခန့်​ထည်​ တဲ့ ။
နာမည်​ကြီးက တင်​စီးလိုက်​တာလို့ မကြားတကြား​ပြော
တာ ကြားသွားတယ်​ထင့်​ ။ ဖျတ်​ကနဲလှည့်ုကြည့်​ သည်​။
သေချာတယ်​ ။ သူ ကိုယ့်​ကို ချဉ်​သွားပြီ။
ကိုယ်​ကလည်းဒါပဲလိုချင်​တာ..

အမုန်းအဆုံးသတ်​Where stories live. Discover now