" 9"(Zawgyi/Unicode)

11.9K 752 28
                                    

မင်းရဲ့ဂရုစိုက်​မှုတစ်​ခု​လေး​ကတောင်
ကိုယ့်​ကို ​သေ​အောင်​ပြုစားနိုင်​တယ်

..................

မ​နေ့ကMallထဲက အဖြစ်​​ကြောင့်​မကြည်​လင်​တဲ့စိတ်​က
ယခု ဖုန်းလက်​ခံစကား​ပြောပြီးမှ ပိုဆိုးသွားသည်​။

သူက ​ကျောင်းက ပရဟိတအဖွဲ့နဲ့ လုပ်​အား​ပေး လိုက်​သွားရတာ​ကြောင့်​ ဒီ​နေ့ မလာဖြစ်​ဘူးတဲ့ ​လေ ။နှစ်​ရက်​​လောက်​ပျက်​ပါရ​စေတ။ဲ့ ​မေ​မေတို့ကိုခွင့်​​တောင်းခိုင်းတာတဲ့​လေ။

ဒီကလူက​တော့ သူလုပ်​ခိုင်းထားတဲ့ စာ​တွေ တပုံတပင်​ထဲ
တစ်​​နေ့လုံး​ခေါင်းစိုက်​​နေရပြီးမှ သူကဖုန်းတစ်​​ကောလ်
ဆက်​လိုက်​ရုံနဲ့ပြီး သွား​ရောလား ။

အေး​နော်​ ရတယ်​ ​နောက်​မှ ​နွေဦးမိုး ကိုလူဆိုးလို့
လာမ​ပြောနဲ့ ။ ဆရာလည်း ​ပျက်​ကွက်​မှ​တော့
တပည့်​လည်း ပျက်​ကွက်​မှာပဲ ။

ဟင်းဟင်း Sir ပြန်​လာရင်​ ​ရှေ့က​ဖြောင့်​​ဖြောင့်​မသွားလို့
နောက်​က ​လည်း​ဖြောင့်​​ဖြောင့်​မသွားဘူးဆိုတာ သိ​အောင်​ပြရမယ်​ ။
နွေဦးတစ်​​​ယောက်​ ဖုန်း​ပြောပြီးကတည်းက မဲ့ကာရွဲ့ ကာနဲ့
ဖုန်း​ဘေးနားက မခွာ​သေးဘဲ မုန်းခန့်​ထည်​ကို အပြစ်​တင်​​နေခြင်း ပင်​။

" သား ဆရာလာ​တော့မယ်​မလား အ​ပေါ်ထပ်​မှာ​စောင့်​​နေ​လေ ဖုန်း​ဘေးနား​နေပြီး ဘာ​တွေ ပွစိပွစိလုပ်​နေလဲ "

နွေဦး​ခေါင်းခါပြလိုက်​ကာ

" ဒီ​နေ့ Sir မလာဘူး ​မေကြီး နှစ်​ရက်​ခွင့်​တိုင်​ထားတယ်
အဲ့ဒါ သား အပြင်​ခနသွားမလို့ ရမလား ​မေကြီး"

နွေဦးက နဲနဲဆိုးတတ်​​ပေမဲ့ လုပ်​စရာ ရှိလျှင်​ သွားစရာရှိလျှင်​ မိဘကို အရင်​ခွင့်​တိုင်​ပြီးမှသွား​လေ့လုပ်​​လေ့ရှိသည်​။.
ဒါ​လေးတစ်​ခု​တော့ ချစ်​စရာ​ကောင်းသည်​ ။ဒေါ်​မေသဇင်
ကိုယ့်​သားအ​ကြောင်းကို ​တွေးရင်းပြုံးမိကာ
ချစ်​စနိုး​လေသံ​လေးဖြင့်

" သားက ဘယ်​သွားမှာလဲ ​ဖေကြီးကလည်း.အိမ်​မှာ ရှိတာမဟုတ်​ ​မော်​လမြိုင်​ကို အလုပ်​ကိစ္စနဲ့ ခရီးထွက်​​နေတာ
အိမ်​မှာဘယ်​သူမှမရှိလို့မရဘူး ​လေ
မေကြီးက အခု ဆိုင်​ကို ခနသွားရဦးမှာ "

အမုန်းအဆုံးသတ်​Where stories live. Discover now