"10"(Zawgyi/Unicode)

10.9K 668 19
                                    


လင်းထိန်​​သော လမင်းကြီးရှိရက်​ နဲ့
ကြယ်​​လေးရဲ့ အလင်း​ရောင်​ သာ
ကိုယ်​လိုချင်​မိ .

^^^^^^^^^^^^^^^

" မုန်းခန့်​ထည်​​ရေ ဧည့်​သည်​ ​ဟေ့ "

" လာပြီ လာပြီ "

ရေချိုးပြီး စ အကျီ င်္​တောင်​မဝတ်​ရ​သေး ။
ရရာ အကျီ င်္ ​ကောက်​စွပ်​ကာ
အမြန်​​ပြေးသွားကြည့်​သည်​ ။.
ထူးထူးဆန်းဆန်း ဘယ်​သူများလဲ ​ပေါ့ ။
အေ​ဆာင်ရဲ့ ​ဧည့်​ခန်း မှာ ​ကျော​ပေးပြီးထိုင်​​နေသူ
က ဘယ်​သူများလဲ ။ ရဲမင်းဆိုလည်း အသံ​ပေးပြီးလာ
မှာမဟုတ်​ ။ဒီအ​ဆောင်​နဲ့ ရင်းနှီးပြီးသားဖြစ်​တဲ့အတွက်
ဝင်​လာမှာပဲ ။ သဲ လည်း မဟုတ်​ ။
ယောကျာ်း​လေးအ​ဆောင်​ဖြစ်​တဲ့အတွက်
သဲ က ဘယ်​​တော့မှ မလာ ။
နော​က်​​ကျောကို မြင်​ရတာ​တော့ အနည်းငယ်
ရင်းနှီး​နေ​သော လူမျိုး ။

" ဘယ်​သူများလဲ "

နောက်​လှည့်​ကြည့်​လိုက်​တဲ့ မျက်​နှာ​ကြောင့်
မျက်​လုံးနှစ်​ဆ ပြူးထွက်​ရ သည်​ ။

" ​နွေဦး ဘယ်​က ဘယ်​လို "

" ဟဲဟဲ အိမ်​မှာ​နေရတာပျင်းလို့ Sirဆီလာတာ "

" ဘယ်​လို "
ဒီ​ကောင်​​လေး ဟိုတစ်​​နေ့က အ​ဆောင်​လိပ်​စာ
မေး​နေ​သေးသည်​။ ဒီလို​ရောက်​လာမယ်​လို့​တော့
မထင်​ခဲ့ ။

" Sir ကျွန်​​တော်​ဒီမှာ စာကျက်​လို့ရလား စာ​မေးပွဲ က
နီးပြီ​လေ"

" ဟမ်​ "
ကျွန်​​တော့ အံ့သြပြီးရင်းအံ့ သြ ရ ။

" Sir အခန်းဘယ်​မှာ လဲ "
ပြောရင်း ထရပ်​လိုက်​ကာ ကျွန်​​တော့အခန်းကို ​မေး​နေ​သေးသည်​ ။ အခုမှကြည့်​မိတယ်​ သူက လွယ်​အိတ်​နဲ့
အကျအန စာလာကျက်​တဲ့ပုံ ။
လာတဲ့ လူက စာကျက်​ဖို့လို့​ပြော​တော့
မောင်းထုတ်​ရခက်​ ​ခေါ် ဖို့ကလည်း
အ​ဆောင်​ဆို​တော့ သိတဲ့အတိုင်း
နှစ်​​ယောက်​တစ်​ခန်း ​နေရတာ ကျပ်​က ကျပ်​နဲ့ ။

အမုန်းအဆုံးသတ်​Where stories live. Discover now