" 11"

10.7K 674 27
                                    

ဖုံးကွယ်​ဆဲငါ့နှလုံးသား
မင်းမမြင်​ပါလား
အ​ဝေးကို ကြည့်​ဆဲလား
အချစ်​က မင်းအနားမှာပါ

^^^^^^^^^^^^^^^^
မုန်းခန့်​ထည်​တို့ ​ဆေး ၁​ မှာ
ဆရာကန်​​တော့ပွဲ အတွက်​ အလုပ်​ရှုပ်​​နေရသည်​ ။
နောက်​ဆုံး part 2​ဖြေ ခါနီး
ဆရာကန်​​တော့ပွဲ ပြုလုပ်​ခြင်း ။

နောက်​ဆုံးနှစ်​​ကျောင်းသား​တွေရဲ့ ဆရာကန်​​တော့ပွဲ ။
ECနဲ့အတူတူ မုန်းခန့်​ထည်​တို့ က အခမ်းအနားပြင်​ရသည်​။
ဖျော်​​ဖြေ​ရေး အပိုင်း ​တွေလည်း စီစဉ်​ရနဲ့
မအားရ ။ အခုမှ စီစဉ်​ခြင်း​တော့မဟုတ်​။
လွန်​ခဲ့​သောတစ်​လ ​လောက်​ကတည်းက
ကြိုတင်​ အလှူ​ငွေ​ကောက်​တာ​တွေ
အလှူပစ္စည်းဝယ်​တာ​တွေ 
သီချင်းတိုက်​တာ​တွေ က
စီစဉ်​ထားပြီးသား.။

အစားအ​သောက်​ပိုင်းကြ​တော့ သဲတို့မိန်းက​လေး​တွေ
က တာဝန်​ယူသည်​။
သဲ နဲ့လည်း​ကျောင်း​ရောက်​မှသာ ​တွေ့ ကြရကာ
တွေ့ ပြန်​​တော့လည်း စာအ​ကြောင်း​ဆွေးေ​နွေးရ
အခုလို အလုပ်​များ​နေတာနဲ့
စကား​တောင်​ ​​အေး​အေး​ဆေး​ဆေး မ​ပြောဖြစ်​တာ
ကြာပြီ ။ ကိုယ့်​အိမ်​ ကိုယ့်​အ​ဆောင်​အသီးသီးပြန်​ကြ
ရ​တော့လည်း အပြင်​ထွက်​ပြီး​လျှောက်​လည်​ဖို့​ဝေးစွ
ဖုန်း​တောင်​မဆက်​ဖြစ်​ ကြ။
စာ​မေးပွဲနီးပြီဆို​သော.အ​ကြောင်းပြချက်​နဲ့
မဆက်​သွယ်​ဖြစ်​တာများသည်​။
သဲ ကစာကို ကျွန်​​တော့်​ထက်​ ပို​လောဘရှိသည်​ ။
ပိုကြိုးစားသည်​။ မာစတာ ဆက်​တက်​ချင်​တာ သူမရဲ့
ဆန္ဒ။ ထူးချွန်​ချင်​လွန်း​သော သူမ ။
ကျွန်​​တော်​တို့နှစ်​​ယောက်​ သမီးရည်းစားဘဝမှာ
သူများ​တွေလို Roဆန်​ဖို့ ​တွေ ကြင်​နာပြဖို့​တွေ သိပ်​မရှိ။
ကိုယ့်​​အောင်​မြင်​မှုလမ်း​ကြောင်းအတွက်
ကြိုးစား​နေမှု နဲ့ သာ အချိန်​ကုန်​ဆုံး ခဲ့သည်​။
ကျွန်​​တော်​တို့ ​လျှောက်​လည်​ရင်​ အနည်းဆုံး
ဘုရား သို့မဟုတ်​ အင်းလျား ကန်​​ဘောင်​​လောက်​သာ
သွားတတ်​သည်​။

ကျွန်​​တော့်​ကိုသူမက အနမ်းမ​ပေးတတ်​သလို
သူမကို လည်း ကျွန်​​တော်​က လက်​ကိုင်​ရုံ​လောက်​သာ ။
ဒီထက်​ မပို ကြ ။ ရင့်​ကျက်​မှုများနဲ့ အသားကျ​နေ​သော
ကျွန်​​တော်​တို့နှစ်​​ယောက်​ ။

အမုန်းအဆုံးသတ်​Where stories live. Discover now