Valentine💖(U&Z)

9.6K 481 20
                                    


ဒုန်း !

ချွင်​!

" ဟာ ဘာလဲဟာ "

အိပ်​ချင်​မူးတူးဖြစ်​​နေတဲ့ မျက်​လုံးကို တစ်​ဖန်​ ပြန်​မှိတ်​လိုက်​၏။ မီးဖိုခန်းထဲက လျှံထွက်​လာတဲ့ ဆူညံသံများကို
အသံတိတ်​ ​မေတ္တာပို့လိုက်​ပြီး အိပ်​​မောကျခြင်းသို့
ရောက်​သွားပြန်​သည်​။

အဟိဟိ ဘာလဲဟ ယားကျိကျိနဲ့ ..
အဟိုးဟိုး ပါး​ပေါ်က ​​နွေး​တေး​တေး​လေး က​မျှော့တစ်
ကောင်​လိုပဲ ​လျှောတိုက်​​လျှောက်​သွား ​နေ​တော့တာပဲ။
နွေဦး မ​နေနိုင်​စွာ တွန့်​လိမ်​လိုက်​မိသည်​။ သို့​သော်
မျက်​လုံးများက ပိတ်​လျက်​သား ။ နိုးတစ်​ဝက်​ အိပ်​တစ်​ဝက်
လို ဖြစ်​​နေပြီး အာရုံ​ကြော​တွေက အိပ်​ချင်​စိတ်​သာ ကြီးစိုး
နေ​သော​ကြောင့်​​ကောင်းစွာ အလုပ်​မလုပ်​ နိုင်​။
ထို့​ကြောင့်​ ပါး​ပေါ်က အိစိ အိစိ အရာကို ဘာပါလိမ့်​ဟု
မစဉ်းစား နိုင်​ဘဲ ပြန်​အိပ်​​ပျော်​သွားပြန်​သည်​ ။

အိပ်​ရာခင်း ဖြူဖြူ​ပေါ်မှာ ​မှောက်​ခုံလျက်​သား အိပ်​​နေပုံက
စိတ်​လွတ်​ကိုယ်​လွတ်​ ။ ​ဖေ​ဖော်​ဝါရီ လလယ်​ရဲ့
ပူ​လောင်​ခြင်းတချို့ ​ကြောင့်​ အ​ပေါ်ပိုင်းအဝတ်​မကပ်
ထား​သော လူရိုင်းတုန်း​လေးက ​အောက်​ပိုင်းမှာလည်း
တိုလွန်းလှ​သော ​ဘောင်းဘီကပ်​ ​လေးဖြင့်​ ဖြူ ဝင်း​နေ​သော​ပေါင်​တံတို့ကို ကြွားဝါ​နေပြန်​သည်​။

ကြွေသားလို ကြည်​လင်​​နေတဲ့ ​ကျောပြင်​ကျယ်​သည်
ဖြူ နုနု ​မွေ့ရာခင်းနဲ့ လွန်​စွာ လိုက်​ဖက်​ညီလှသည်​ ။
မုန်းခန့်​ထည်​ အသည်းတယားယားဖြင့်​ ​ခြေမကိုင်​မိလက်​မကိုင်​မိ ဖြစ်​​နေ​လေသည်​ ။ ဖျစ်​ညစ်​ ပစ်​လိုက်​ချင်​စိတ်​က
တစ်​ဖွားဖွား ။ စိတ်​ရိုင်းဝင်​လာတာ မဟုတ်​ဘဲ က​လေးငယ်
တွေကို အသည်းယားသလိုမျိုး လက်​ထဲမှာ တဖျစ်​ဖျစ်
မြည်​​အောင်​ ညစ်​ချင်​လာတာမျိုး ။ ၂၅နှစ်​အရွယ်​ လူငယ်
လေးက ဒီ​လောက်​ ချစ်​ဖို့​ကောင်း​အောင်​ အိပ်​တတ်​သလား
တော့မသိ​ပေမဲ့ မနက်​ခင်းတိုင်းလိုလို ​မုန်းခန့်​ထည်
တွေ့ ​ခွင့်​ရ​တဲ့ ​​ယောကျာ်းပျို တစ်​​ယောက်​က​တော့
သေ​လောက်​​အောင်​ ချစ်​ဖို့ ​ကောင်းစွာ အိပ်​စက်​တတ်
သည်​။

အမုန်းအဆုံးသတ်​Where stories live. Discover now