"46"

10.5K 638 40
                                    


ပတ်​တီးအ​ဖွေးသားနဲ့ ​ဆေးရုံ​ရောက်​လာ​သော
လူနာမဟုတ်​တဲ့ဆရာဝန်​ကိုစပ်​စု ​နေကြသည်​မှာ
လူ့သဘာဝကို ​ဖော်​​ဆောင်​​နေသည်​။

မေးမြန်းကြ​တော့မည့်​လူ များရဲ့ အကြည့်​ကို
ရှောင်​လွှဲဖို့ အိမ်​သာထဲကို ဝင်​ခဲ့ရ၏။
တကယ်​လို့ ​မေးကြပြီဆိုရင်​ ဘယ်​လို ​ဖြေရမလဲ။
ကောင်​​လေးတစ်​​ယောက်​ကိုသွားနမ်းလို့
ပန်းအိုးနဲ့ ရိုက်​ခွဲခံ ထိတယ်​လို့
ဖြေရမလား ။ ရှက်​စရာ ပါ ။

အိမ်​သာထဲ​ရှောင်​​နေကာမှဘေစင်​မှာ လက်​​ဆေး​နေတဲ့
သူကို ​တွေ့​တော့မှအမှားကြီးမှားမှန်းသိ​တော့၏။.

" ဟာ ​ငါ့​ကောင်​  ဘာဖြစ်​လာတာလဲ "

လက်​ ​က​ရေ​တောင်​ မ​ခြောက်​​သေးဘဲ
နဖူး​ပေါ်က ပတ်​တီးကို လာကိုင်​ သည်​။
မုန်းခန့်​ထည်​ ​ခေါင်း​ရှောင်​လိုက်​ကာ

" ဆိုင်​ကယ်​ ​မှောက်​တာ "

" ဟမ်​ ပြစမ်း ​ခြေ​တွေ လက်​​တွေ​ရော ဘာဖြစ်​သွား
သေးလဲ "

ကိုသီဟက မုန်းခန့်​ထည်​ရဲ့ လက်​ကို ဆွဲကာ
ရှမ်း နွားကြည့်​သလို ​ခြေ​ရော လက်​​ရော မျက်​နှာ ​တွေပါ
မကျန်​ ဖြဲ ကြည့်​​နေသည်​မို့ ရယ်​ချင်​လာ သည်​ ။

" မင်း ​ခြေ လက်​​တွေက အ​ကောင်းကြီး
ဘယ်​လိုလို့ ​ခေါင်းပဲထိသွားတာလား "

" ဟုတ်​တယ်​ "

မုန်းခန့်​ထည်​ကိုဆို အရည်​ကြို သောက်​ထားသလို
သိတဲ့ ကိုသီဟက

" မလိမ်​တတ်​ဘဲမလိမ်​စမ်းနဲ့ ငါ့​ကောင်
ဘယ်​မှာ ရိုက်​ပွဲ ဖြစ်​လာ လဲ ​ပြော ပါဦး "

" ဖြစ်​စရာ လားဗျာ ကျွန်​​တော်​က ရန်​ဖြစ်​တတ်​တဲ့
လူမှမဟုတ်​တာ "

ကိုသီဟရဲ့ ​ရေစို​နေတဲ့လက်​သည်​ မသုတ်​ရပါဘဲ
လေသလပ်​၍ ​ခြောက်​သွားပြီ မို့ လက်​ကျန်​ စိုထိုင်းထိုင်း
ကို ပုဆိုးနဲ့ သုတ်​ရင်း ဆက်​​မေး၏။

" ​ဒါ ဆို​ချောင်းရိုက်​ခံထိတာလား "

" ​ချောင်းရိုက်​ခံထိတာ မဟုတ်​ဘူး တည့်​ရိုက်​ခံထိတာ "

အမုန်းအဆုံးသတ်​Where stories live. Discover now