💦💦💦Thingyan Extra 💦💦(U&Z)

8.3K 451 30
                                    

အား "

ညောင်းကိုက်လာတဲ့ ဇာတ်ကို ဘယ်ညာလှည့်ချိုးလိုက်သည်။ အပျင်းကြောကို တစ်ချက်ဆန့်ရင်းနာရီကို ကြည့်မိသည်။ ရက်စွဲနဲ့ အချိန်ပါသော နာရီက ဧပြီလ ရှစ်​ ရက်နေ့ ညနေငါးနာရီကို ညွှန်းပြနေ၏၊

ဟာ !အိမ်ပြန်ဖို့နောက်တောင်ကျနေပြီပဲ။

နွေဦးသည် သူ၏လုပ်လက်စများကို အပြီးသတ်ကာ ထရပ်လိုက်၏။ ရုံးက၀န်ထမ်းများကို သင်္ကြန်တွင်း ပိတ်ရက်ဆယ်ရက်ပေးထားသည်မို့ ရုံးမှာ လူတစ်ယောက်မှမရှိချေ။ အစိုးရက ပိတ်ရက် ငါးရက်သာပေးသော်လည်း နွေဦးက တစ်နှစ်ပတ်လုံး အလုပ်လုပ်ပေးခဲ့တဲ့ ၀န်ထမ်းတွေကို စာနာသောအားဖြင့် တနလာင်္ နေ့မှစ၍ သင်္ကြန်အပြီးထိ ဆယ်ရက်တာမျှ ပိတ်ထားပေးလိုက်သည်။

သူသည်လည်း နားရက်ယူမှရတော့မည်ဖြစ်သည်။ အလုပ်ကိစ္စနဲ့ မုံရွာဘက်မှာ ကျောက်ချနေမိတာ လတစ်ဝက်စာမျှ ကြာမြင့်တော့မည်ဖြစ်သည်။ လုပ်ငန်းတိုးချဲ့ ဖို့ကိစ္စနဲ့ ခရီးက ကြန့်ကြာနေတာကြောင့် အိမ်လွမ်းသူ လည်းဖြစ်နေချေပြီ။ သင်္ကြန်ပိုးလေးကလည်းအနည်းငယ်ထလာပြီမို့ လူက ထိုင်နေရင်းနဲ့တောင်ကို လှုပ်လှုပ် ရွရွဖြစ်ချင်နေသည်။

ထီလှည်းတွေဆီကများ သင်္ကြန်သီချင်းသံတူးပို့ တူးပို့ ကြားလိုက်ရရင်ဖြင့် ငြိမ်ဝပ်ထားရသောပိုးပေါင်းတစ်သိန်းလောက်က ခေါင်းကလေးပဲလှုပ်ချင်သလိုလို လက်ကလေး ခြေကလေး ပဲချိုးချင်သလိုလို ထရွလွန်းလှသည်။

ရုံးခန်းတံခါးကို တွန်းဖွင့်ပြီး ဓာတ်လှေကားဆီသို့ အပြေးလေးလှမ်းလိုက်၏။ ရန်ကုန်ထိကားမောင်း ရမည်ဖြစ်သောကြောင့် ပုံမှန် အချိန်ထက်စာရင် အနည်း ငယ်နောက်ကျနေပြီဖြစ်သည်။ တစ်ညလုံးမောင်းရမည်ဖြစ်သောကြောင့် နောက်မကျစေရန် ခြေလှမ်းကိုခပ်သွက်သွက်လှမ်းနေရသည်။

ကားပေါ်ရောက်တော့ Safty belt ပတ်လိုက်ရင်း ကိုမုန်းကို သတိရလိုက်မိသည်။ ကားမောင်းရင် ခါးပတ်ပတ်ဖို့အကျင့်ကို ပေးခဲ့တာ သူပဲ ။ သူကိုယ်တိုင် မလုပ်ပေးရင်တောင် အမြဲ သတိပေးတတ်သည်။ သတိရနေရင်းစွဲပင်ဒီအချိန်ဆိုရင် ဘာလုပ်နေမလဲ ဟု တွေးတောကာ ပြုံးမိသည်။ သေချာတာကတော့ လူနာတွေကြားထဲ မှာ လုံးလည်ချာလည်ရိုက်နေ လိမ့်မည်ထင်သည်။ ပြန်ရောက်ကာ မှ နှစ်ယောက်သား နားရက်ကို အပြည့်အ၀ယြူ့ပီး သင်္ကြန်တွင်း ချောင်းသာကို လိမ့်ရန် စီစဉ်မည့် အတွေးက လူကိုလန်းဆန်းတက်ကြွလာစေသည်။ ကားကို ပါကင်မှ လှိမ့်ထွက်ကာ လမ်း ယူပြီးမောင်းတက်ခဲ့ သည်။ မုန်းကြီးရေ ပြန်လာရင် ကဲ ဖို့ ကြိုဆိုနေလိုက်စမ်းပါ။

အမုန်းအဆုံးသတ်​Where stories live. Discover now