chapter 6

1.7K 242 0
                                    


အခန်း (၆) : ဒန်းဟန် ဆေးလုပ်ငန်း


"လူငယ်လေး.....ခဏလောက်စောင့်ပါဦး....." မိုဝူကျီ အဆောက်အဦးမှ ထွက်သွားတော့မည့်ဆဲဆဲတွင် အသက်ကြီးကြီးတစ်ယောက်၏ အသံက သူ့အား တားဆီးလိုက်သည်။

မိုဝူကျီသည် လူလတ်အရွယ်လူကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာသည် သူ့အသံကဲ့သို့ အိုမင်းနေ၏။

"ကျွန်တော့်ကို ခေါ်တာလား...." မိုဝူကျီသည် လူလတ်အမျိုးသားကို သုံးသပ်ကာ မေးလိုက်သည်။ သူ့တွင် သူ့နားလည်မှုအတွင်းရှိ မြင်သမျှ အရာအားလုံးကို သိနေသကဲ့သို့ စူးရှထက်မြက်သည့် မျက်လုံးများရှိလေသည်။

"ဟုတ်တယ်.... ငါ ခေါ်လိုက်တယ်.... မင်းစိတ်မရှိရင် ငါတို့ တိတ်ဆိတ်တဲ့နေရာရှာပြီး စကားပြောရအောင်လေ...." လူလတ်အမျိုးသားသည် အဖွဲ့အစည်းခန်းမနှင့် မျက်နှာချင်းဆိုင်မှာရှိသည့် လက်ဖက်ရည်အခန်းကို ညွှန်ပြကာ ပြောလိုက်၏။

မိုဝူကျီသည် ပြုံးလိုက်သည် "ရတာပေါ့.... ကျွန်တော်အားပါတယ်....."

မိုဝူကျီသည် လူလတ်အမျိုးသားနှင့်အတူ လက်ဖက်ရည်အခန်းသို့ လျှောက်သွားသည်ကို မြင်သည့်အခါ အဖွဲ့အစည်းရှိ လူများသည် စတင်၍ ဆွေးနွေးရေရွတ်နေကြသည်။

"အဲလူက ဒန်းဟန်ဆေးဖော်စပ်ရေးရဲ့ ပိုင်ရှင် လုကျိုးကျွင်း မဟုတ်ဘူးလား.....ဒီကအားလုံးက အဲကောင်လေးက အတုအယောင်ဆိုတာသိရဲ့သားနဲ့ သူက အဲဒီအရူးကို ခေါ်ဖို့ ကြိုးစားနေတာလား..... သူ့ဆေးလုပ်ငန်း နောက်တစ်ကြိမ် ပိတ်သွားမှာ မကြောက်ဖူးလား.... သူက ဉာဏ်ကို မရှိဘူး...."

"ဟီးဟီး ..... မင်းသိသားပဲ...... မင်းကသာ အခုမှ ပြောနေတယ်..... လုကျိုးကျွင်း ထက်မြက်တယ်ဆိုရင် ဒန်းဟန်ဆေးလုပ်ငန်းက ကျရှုံးသွားစရာအထိ မဖြစ်နိုင်ဘူး.... ပထမမှာ အဲဒီလူပုံစံက လိမ္မာပါးနပ်တယ်လို့ထင်ရပေမဲ့ တကယ်တမ်း အဲလို မဟုတ်ဘူး..... ဒန်းဟန်ဆေးလုပ်ငန်း ဘာဖြစ်သွားလဲဆိုတာသာ ကြည့်တော့..."

"လုကျိုးကျွင်း အသုံးမကျတာ ဘယ်သူက မသိလို့လဲ..... ဒါပေမဲ့ ဒန်းဟန်ဆေးလုပ်ငန်းဖြစ်သွားတဲ့ ကိစ္စက တကယ်ကို သနားစရာပဲ...... ချင်ယွီပြည်နယ်မှာ.... ရှင်းဟန်အင်ပါယာထဲမှာတောင် အကောင်းဆုံးဆေးလုပ်ငန်းထဲက တစ်ခုဖြစ်ရဲ့သားနဲ့ကွာ...... အခုတော့ အသေးစားဆေးလုပ်ငန်းဖြစ်သွားရှာပြီ..... အချိန်ကြာလာရင် ပျောက်ကွယ်သွားလောက်တယ်...."

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now