chapter 29

1K 159 2
                                    


လူသားသစ္စာ စာစဉ် (၃)

ဝန်ဇင်းမှာ မနေ့က စာစဉ် (၃) လေးထွက်ပါပြီနော်

အခန်း (၂၉) : သတိပေးခြင်း


"မြို့စားကြီး.... ကျေးဇူးပြု၍ ပြောပါ.... ကျွန်တော်လုပ်ပေးနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိရင် ကျွန်တော် မငြင်းပါဘူး....." မိုဝူကျီသည် လက်နှစ်ဖက်ထပ်ကာ ပြောလိုက်သည်။

မိုဝူကျီသည် ဟန်ချန်အန်းသည် ထိုကိစ္စမျိုးကို လိမ်ညာမည် မဟုတ်ကြောင်း သေချာ၏။ အကယ်၍ သူသည် မိုဝူကျီအား ကယ်ခဲ့သည်ဟု ဆိုလျှင် သူလုပ်ဆောင်ခဲ့၍သာ ဖြစ်ရမည်။ ဤသို့ မိုဝူကျီ အား ကယ်လိုက်သော အပြုအမူသည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်ပေမဲ့လည်း သူ့အတွက် တစ်ယောက်ယောက်က လုပ်ပေးဖူးသည့် အကြီးမားဆုံး အကူအညီ ဖြစ်လေသည်။

ဟန်ချန်အန်းသည် မိုဝူကျီစကားများကို ကျေနပ်သွားပြီး

"ဝူကျီ.... မင်းစကားတွေက ငါ့ကို စိတ်သက်သာရာ ရစေတယ်..... နောက် လအနည်းငယ်နေရင် ဂိုဏ်းတော်တော်များများက နွေဦးနတ်ဘုရားဂိတ် ညီလာခံအတွက် ရှင်းဟန် အင်ပါယာရဲ့ မြို့တော်ကို သွားကြလိမ့်မယ်....မင်းလည်း နင်အာနဲ့ အရင်က တွေ့ဖူးတာဆိုတော့ သူမက အလွန်ရိုးရှင်းပြီး သူမအပြုအမူတွေက မရင့်ကျက်သေးတာ မင်း သိမှာပါ....မင်းက ကိုးဘဝပျောက်ကင်းဆေးကြောင့် မင်းအသက်ကို ကာကွယ်ထားနိုင်တဲ့အတွက် အခြေအနေတွေကို ဖြေရှင်းတဲ့ မင်းစွမ်းရည်က သူမထက် သာမှာတော့ အမှန်ပဲ..... ငါ မင်းကို ဟန်နင်ဘေးနား နေစေချင်တယ်.... သူမ ဂိုဏ်းတစ်ခုခု မဝင်ခင်အထိ သူမကို စောင့်ရှောက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်....."

မိုဝူကျီသည် အလေးအနက် ကတိပေးလိုက်သည် "မြို့စားကြီး... စိတ်ချနေပါ.... ကျွန်တော် စွမ်းဆောင်နိုင်သမျှ မမလေး ဟန်နင်ကို ပံ့ပိုးဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်....."

ဟန်ချန်အန်းသည် သူအိတ်ကပ်မှ ကျောက်စိမ်းဆံထိုးကို ထုတ်ယူကာ မိုဝူကျီထံ ပေးလိုက်၏ "အကယ်၍ မင်းကိုယ်မင်း လွတ်ကိန်းမရှိတဲ့ အခြေအနေတစ်ခုခုထဲ ကျရောက်သွားခဲ့ရင် ဒီကျောက်စိမ်းဆံထိုးကို ချန်လောင်က ယူးစံအိမ်ဆီ ယူသွားပြီး ယူးချောင်ယင်ကို ရှာလိုက်....."

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now