chapter 42

934 130 0
                                    


အခန်း (၄၂) : အသက်ကြွေးအား ပြန်ပေးဆပ်ခြင်း


ထိုသည်က သူမအပြစ်ရှိစိတ်ကြောင့် ဖြစ်နိင်ပေမဲ့ ဟန်နင်သည် မိုဝူကျီအား မရှာခဲ့ချေ,၏။ သူမဘာသာလဲ ရှင်းမပြခဲ့ပေ။ ထောင်ပချီသည်လည်း ငြိမ်အေးသွားလေသည်။ မိုဝူကျီကို သူ့အား မေ့လဲအောင်လုပ်သည့်သူဟု သံသယရှိသော်လည်း သူသည် ချန်လောင်သို့ သွားမည့်လမ်းတွင် ဘာပြဿနာမှ မဖြစ်ချင်ပေ။

တစ်ဖက်တွင် မိုဝူကျီ၊ ယွန်ကျန်းရီနှင့် တင်းဘူအာတို့သည် နေ့စဉ်နေ့တိုင်း သောက်လိုက် ရွေ့ပြောင်းဈေးကို သွားစပ်စုလိုက်ဖြင့် သာယာနေလေသည်။ ယွန်ကျင်းရီ ပြောပြသည့် ကျင့်ကြံသူများနှင့် တမူထူးသော အတွေ့အကြုံများကို နားထောင်ပြီး မိုဝူကျီသည် စိတ်သက်သာရာ ရသွားလေသည်။

တစ်ခုသော မနက်ခင်းတွင် မိုဝူကျီသည် ဆေးကြောရန် တဲကို လှပ်လိုက်သည့်အခါ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။ ပင်လယ်ကမ်းတွင် ကျောက်ချထားသည့် ဧရာမသင်္ဘောကြီး တစ်စင်း မြင်လိုက်ရ၍ အလွန်တရာ အံ့ဩသွားလေသည်။

သင်္ဘောကုန်းပတ်ကပင် ဘောလုံးကွင်း အများအပြား ဆန့်နိုင်လောက်သည်။ အလယ်တွင် အခန့်များ ကန့်ထားကာ သင်္ဘောတစ်ခုလုံး ခန့်မှန်းခြေ ဧရိယာ ၁၀၀၀၀၀ စတုရန်း မီတာလောက် ကျယ်ဝန်းပေးလိမ့်မည်။

မိုဝူကျီသည် လေပြေအေးကို အားရပါးရ ရှုရှိုက်လိုက်သည်။ ထိုသည်က လေယာဉ်တင် သင်္ဘောထက်ပင် ကြီးမားလေသည်။ လေယာဉ်တင် သင်္ဘောသည်လည်း ကြီးမားလှသည့် သင်္ဘောကုန်းပတ်ဖြင့် ပြုလုပ်ထား၏။ တစ်ဖက်တွင် ဤသင်္ဘောတွင်လဲ အလယ်ရှိ နေစရာ အခန်းနေရာများထက် ကျယ်ဝန်းသည့် သင်္ဘောကုန်းပတ်ဖြင့် ဒီဇိုင်းပြုလုပ်ထားသည်။ ထိုအခန်းများသည် အထပ်လိုက်ဖြစ်နေကာ ခေတ်မှီအဆောက်အဦးနှင့် တူညီလေသည်။

ဤကြီးမားလှသည့် အရာကို မည်သည့် စွမ်းအားဖြင့် မောင်းနှင်မည်နည်း။ ကမ္ဘာမြေမှ လေယာဉ်တင် သင်္ဘောများပင် ထိုမျှမကြီးမားပေ။ သို့သော် မောင်းနှင်ရန် နျုးကလီးယားစွမ်းအားကို လိုအပ်လေ၏။ ဤနေရာတွင်လဲ နျုးကလီးယားစွမ်းအား ရှိသင့်သည်မလား.....

လူသားသစ်စာ (Zawgyi version) (1 - 200)Where stories live. Discover now