chapter 170

585 82 0
                                    


အခန်း (၁၇၀) : ရိုးရိုးလေးချီ၏ ကြံစည်မှု

မိုဝူကျီက ဆိုင်အကူသည် သူ့အတွက် အရေးကြီးကိစ္စတစ်ခုခု ရှိမှန်း သိလိုက်သည်။ ထိုသို့ မဟုတ်လျှင် သူက အလောတကြီး ပြေးလာပြီး မိုဝူကျီကို စိုးရိမ်စွာ ကြည့်နေမည် မဟုတ်ပေ။ သူ့လက်ထဲမှ စာစောင်ကို ပြန်ထားလိုက်ပြီး မိုဝူကျီက အားနာစွာ ပြောလိုက်သည် "ဆိုင်ရှင်ချီ ဒီဟာက ကျုပ်အတွက် အသုံးမဝင်ဘူးဗျ၊ တခြားနေရာကနေ ရှာကြည့်မှ ထင်တယ်၊ ကျေးဇူးပါဗျာ ..."

"မလောပါနဲ့ဦး၊ မင်းကြည့်ဖို့ နှစ်ရွက်ကျန်သေးတယ်လေ၊ အဲဒီစာရွက်ထဲမှာ မင်းစိတ်ဝင်စားတဲ့အရာ ရှိနေမလားဆိုတာ ဘယ်သူသိမှာလဲ ..." မိုဝူကျီ မျှော်လင့်ထားသည့်အတိုင်း ရိုးရိုးလေးချီသည် အရောင်းအဝယ်ကိစ္စကို မထူးမခြားနားဟန် ပြုမူနေပေမဲ့ မိုဝူကျီ ထွက်သွားတော့မည် ဆိုသောအခါ သူက ချက်ချင်းပင် ပူပင်လာလေ၏။

မိုဝူကျီက တည်ကြည်လေးနက်သည့် လေသံဖြင့် "ဆိုင်ရှင်ချီ ...  ရှင်းရှင်းပြောရရင် ခင်ဗျားရဲ့ ဈေးနှုန်းက တော်တော်လေး မြင့်တယ် ..."

"မြေပုံနဲ့ ဒီဝိညာဉ်ပစ္စည်းအတွက် မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၅၀ ၀၀၀ပဲ ကျသင့်တာလေ .." ရိုးရိုးလေးချီက အလျှင်အမြန် ပြောလိုက်သည်။ ဤတစ်ကြိမ်တွင် မိုဝူကျီက စိုးရိမ်စွာ ခုန်ပေါက်နေသည့်  သူ့နှလုံးခုန်သံကိုပါ ကြားရလေ၏။

မိုဝူကျီက တံခါးဝတွင် ရပ်နေသော ဆိုင်အကူသည် သူ့အား အဓိပ္ပါယ်ပါပါ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ မိုဝူကျီက ပို၍ ဝေခွဲမရ ဖြစ်လာကာ ဘာတွေများ ဖြစ်နေတာလဲ ဟု တွေးမိလာသည်။

"မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံး ၂၀ ၀၀၀ပဲ၊ တကယ်လို့ ဒီဈေးလက်ခံရင် ချက်ချင်း ပေးလိုက်မယ်၊ မဟုတ်ရင်တော့ ထွက်သွားတော့မယ် ..." မိုဝူကျီက စိတ်မရှည်စွာ ပြောလိုက်သည်။

ဆိုင်အကူက မိုဝူကျီကို ကူညီတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ရိုးရိုးလေးချီက ဆိုင်အကူ၏ အမူအယာကို မြင်လိုက်ရသည်။ သူက သွားမည်းကို ကြိတ်လိုက်ပြီး မိုဝူကျီလက်ထဲကို ပစ္စည်း နှစ်ခုကို ထည့်ပေးကာ "ရောင်းမယ်၊ ဘာလို့ မရောင်းရမှာလဲ ..."

လူသားသစ်စာ (Zawgyi version) (1 - 200)Tempat cerita menjadi hidup. Temukan sekarang